တောင်ငူမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းတံတားကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇွန် ၃ဝ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းတံတားကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၆ ရက်၊ ည ၁ဝ နာရီ ၄ဝ မိနစ်အချိန်တွင် တောင်ငူမြို့နယ်၊ ရေပုတ်ကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင်အမှတ်(၁၆၅)မိုင် ၆ဖာလုံ အနီးရှိ တံတားအမှတ်(၂၆၆)တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ တံတားအမှတ်(၂၆၆)ကို လက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်စဲ)က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏အုတ်ခုံတွင် မိုင်းစထိမှန်ကာ အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အကြမ်းဖက်သမားများသည် ပြည်သူလုထုနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်စေသော ရည်ရွယ်ချက်ဖြင့် လမ်းမကြီးများ၊ လမ်းများ၊ ရထားလမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်း ပစ်ပေါက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့မှ ထည့်သွင်းပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း