စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် ဖမ်းဆီးခံရပြီး (၂)နှစ်ကျော်အကြာတွင် ပြန်လွတ်လာ
NSS - ဇွန် ၃ဝ
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် စေပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ်သည် ဇွန်လ ၂၉ ရက်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီဟု လူမှုကွန်ယက်မှ တဆင့်ပြောကြားထားသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည့် ရေးသားချက်အရ ၎င်းသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှစတင်ကာ ၂ဝ၂ ၃ ခုနှစ် ဇွန်လ ၂၉ ရက်အထိ (၂) နှစ်ကျော် နစက၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်ကို အဂတိမှုဖြင့်တရားဆွဲခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ၂ဝ၂၂ ဖေဖော်ဝါရီလ ၂၃ ရက်က နေပြည်တော်အထူးတရားရုံးတွင် စစ်ဆေးခဲ့ရာ ဦးမောင်ဝိတ်ကလာရောက်ပြီး ငွေကျပ်သိန်း ၁၁ဝ ကို ၎င်းကလှူဒါန်းခဲ့သည်ဟု ထွက်ဆိုခဲ့ဖူးသည်။
အလားတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား အမေရိကန်ဒေါ်လာ (၅)သိန်းခွဲပေးလှူမှုနှင့်ပတ်သက် ၍လည်း ဦးမောင်ဝိတ်က ၂ဝ၂၂ ခုနှစ် မေလ ၃၁ ရက်တွင် ပြုလုပ်သည့် နေပြည်တော်အထူးတရားရုံးအတွင်း မိမိ၏သဘောဆန္ဒအရ ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ဖူးသည်။
ဦးမောင်ဝိတ်သည် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်းတာဝန်ယူခဲ့သည့် NLD အစိုးနှင့် အလွန်နီးစပ်ခဲ့သည့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။
စေပိုင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်သည် Myanmar Developer Association MDA ၏ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ (၄ဝဝ)ကျော် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းတစ်ကျောင်းကို PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြိမ်းခြောက်မှု ရွှေကူမြို့နယ်၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း