အမေရိကန်က တရုတ်ကုမ္ပဏီတွေကို ဖန်းတနီလ်ပစ္စည်းတွေ မှောင်ခိုကူးမှုနဲ့ စွဲချက်တင်
ရောင်နီ (NSS) - ဇွန် ၂၅
လူကိုစွဲလမ်းစိတ်ဖြစ်ပေါ်စေပြီး အသက်အန္တရာယ် ရှိစေနိုင်အောင် ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေး ဖန်းတနီးလ် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကူးမှုနဲ့ တရုတ်ကုမ္ပဏီလေးခုကို အမေရိကန် တရားရေးဌာနက ရာဇဝတ်မှုဆိုင်ရာနဲ့ သောကြာနေ့ (ဇွန်လ ၂၃ ရက်) က စွဲချက်တင်ထားပါတယ်။
ဒါဟာ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတွင်းကို ဖန်းတနီလ် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ယူဆောင်လာမှုအတွက် တရုတ်အခြေစိုက် ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပထမဆုံးအကြိမ် တရားစွဲဆိုခြင်း ဖြစ်ပါတယ်။ စွဲချက်တင်တဲ့ထဲမှာ တရုတ်ကုမ္ပဏီလေးခုအပြင် ဝန်ထမ်းရှစ်ဦးနဲ့ အမှုဆောင်အရာရှိရှစ်ဦးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
၁၉၉၉ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း ဖန်းတနီလ် သုံးစွဲမှုကြောင့် လူပေါင်း ၅၆၄,ဝဝဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၂၁ ခုနှစ်က အမေရိကန်မှာ ဆေးလွန်သေဆုံးမှု ၁ဝ၇,ဝဝဝ ရှိခဲ့ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ(CDC) ရဲ့ အဆိုအရ အဆိုပါ အရေအတွက်ရဲ့ ၇ဝဝဝ ကျော်ဟာ ဖန်းတနီလ် နဲ့ အခြားသော ဓာတုဆေးများသောက်ခြင်းများကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။
သောကြာနေ့(ဇွန်လ ၂၃ ရက်)က စွဲချက်မှာ တရုတ်ကုမ္ပဏီတွေဟာ ၎င်းတို့ ဝဘ်ဆိုဒ်တွေနဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ ဖန်းတနီလ် ရှေ့ပြေးဓာတုပစ္စည်းတွေကို စျေးကွက်တင်ရောင်းခဲ့ပြီး အဆိုပါ ပစ္စည်းတွေကို Sinaloa မူးယစ်ဂိုဏ်းနဲ့ မက္ကဆီကိုရှိ အခြားသော ရာဇဝတ်ဂိုဏ်းတွေကို ရောင်းချခဲ့ကာ အမေရိကန်သို့ နှစ်ပေါင်းများစွာ မှောင်ခိုတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဟာ ၎င်းရဲ့ ပြည်တွင်းမူးယစ်ဆေးဝါး အကျပ်အတည်းအတွက် တရုတ်နိုင်ငံကို ထိုးကျွေးဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကာ အဆိုပါ စွပ်စွဲချက်ကို ရှုတ်ချခဲ့ပါတယ်။
"ဒီဖြစ်ရပ်ဟာ သက်ဆိုင်ရာ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ တရားဝင် အခွင့်အရေးတွေကို ပြင်းပြင်း ထန်ထန် ချိုးဖောက်ခဲ့တဲ့ အမေရိကန်ဘက်က ကောင်းကောင်းစီစဉ်ထားတဲ့ ဖမ်းဆီးအရေးယူမှုတစ်ခုပါပဲ။ တရုတ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်" လို့ သံရုံးပြောရေးဆိုခွင့်ရှိသူ လီယူပန်ဂရူးက ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း