ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးမှု ပြည်မြို့၌ ဖြစ်ပွား
Pearl (NSS) - ဇွန် ၂၄
ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့ ၌ ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၂၄ ရက်) ၊ နံနက် (၁၁)နာရီ အချိန်ခန့်တွင် ပြည်မြို့ ၊ ကမ်းနားပန်းခြံအနီး ၊ ဧရာဝတီမြစ်အတွင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် (၅၄) နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ ရေနောက်ပါ၍ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
"အစအဆုံးမမြင်ရပေမယ့် အဲဒီနားက မျက်မြင်တွေ ပြောတာတော့ သူက နဂါးသိုက်ပွဲမျှောတာပေါ့၊ နွားနို့၊ ပေါက်ပေါက်တို့ မျှောရင်း ရေနောက်ပါပြီး ရေနစ်တာ"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) - ပါရမီ၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ၎င်းအား ကူညီကယ်ဆယ်ရေးအသင်းများမှ ရှာဖွေရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားစစ်တပ်က Wagner ပုဂ္ဂလိက စစ်တပ်ကို တိုက်ခိုက်မှုများ ရပ်တန့်ပြီး အခြေစိုက် စခန်းတွေဆီ ပြန်သွားကြဖို့တိုက်တွန်းထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း