ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုများကို တိုက်ဖျက်နိုင်ဖို့ WHO နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တရုတ်အစိုးရပြော
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၇
တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ပူးပေါင်းဆောင်ရွက်ဖို့အဆင့်သင့်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေမြင့်တက်လာခဲ့ပြီးနောက် တရုတ်အစိုးရဟာ WHO နဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက တရုတ်အစိုးရဟာ WHO အဖွဲ့ဝင်နိုင်ငံများရဲ့ကျန်းမာရေးဆိုင်ရာအစည်းအဝေးပွဲများကို တရုတ်ဆေးပညာရှင်များစေလွှတ်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ပြုလုပ်နေတဲ့ ရောဂါထိန်းချုပ်ရေးအစီမံများ၊ ကာကွယ် ဆေးနဲ့ ပြုစုကုသမှုအခြေနေများကို ရှင်းပြခဲ့ကြောင်းဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ခံရမှုများအတွက် ပြုစုကုသမှုများကို အခြားအဖွဲ့ဝင်နိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုက "တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေခြင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ တရုတ်ဆရာဝန်တွေကိုစေလွှတ်ပြီး WHO နဲ့ဆွေးနွေးတိုင်ပင်ခဲ့တယ်။ WHO ကို ကူးစက်ခံရမှုအခြေအနေနဲ့ အချက်လက်တွေကို မျှဝေခဲ့တယ်။ တရုတ်အစိုးရဟာ WHO အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်။ တရုတ်အစိုးရဟာ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ ရှင်သန်နေထိုင်မှုတွကို ကာကွယ်ပေးဖို့ နဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး စိန်ခေါ်မှုများကိုထိရောက်စွာဖြေရှင်းနိုင်အောင် ကမ္ဘာတဝှမ်းရှိနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်မှာပါ" လို့ပြောပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲများကြောင့်ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စည်းကမ်းများကိုဖြေလျော့ခဲ့ရာ နိုင်ငံတဝှမ်းကူးစက်ခံရမှုများမြင့်တက်ခဲ့ပြီး တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ကူးစက်ခံရသူသန်းချီမြင့်တက်လာနိုင်သလို သေဆုံးသူသန်းချီရှိလာနိုင်ကြောင်း တရုတ်ဆေးပညာရှင်များက သုံးသပ်ပြောဆိုနေပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံအချို့မှာ တရုတ်နိုင်ငံကလာတဲ့ခရီးသွားများကို ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများအရှိန်မြင့်လုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။
zawgyi version
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ စိန္ေခၚမႈမ်ားကို တိုက္ဖ်က္ႏိုင္ဖို႔ WHO နဲ႔ ပူးေပါင္းေဆာင္႐ြက္မယ္လို႔ တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၇
တ႐ုတ္ႏိုင္ငံအေနနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)နဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔အဆင့္သင့္ရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူဦးေရျမင့္တက္လာခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရဟာ WHO နဲ႔ ပူးေပါင္းေဆာင္႐ြက္မယ့္အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိ သူက တ႐ုတ္အစိုးရဟာ WHO အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕က်န္းမာေရးဆိုင္ရာအစည္းအ ေဝးပြဲမ်ားကို တ႐ုတ္ေဆးပညာရွင္မ်ားေစလႊတ္ခဲ့ေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္ သက္ၿပီး တ႐ုတ္ႏိုင္ငံက ျပဳလုပ္ေနတဲ့ ေရာဂါထိန္းခ်ဳပ္ေရးအစီမံမ်ား၊ ကာကြယ္ ေဆးနဲ႔ ျပဳစုကုသမႈအေျခေနမ်ားကို ရွင္းျပခဲ့ေၾကာင္းဆိုပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကူးစက္ခံရမႈမ်ားအတြက္ ျပဳစုကုသမႈမ်ားကို အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ တက္ႂကြစြာပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုက "တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျမင့္တက္ေနျခင္းနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္ေတြမွာ တ႐ုတ္ဆရာဝန္ေတြကိုေစလႊတ္ၿပီး WHO နဲ႔ေဆြးေႏြးတိုင္ပင္ခဲ့တယ္။WHO ကို ကူးစက္ခံရမႈအေျခအေနနဲ႔ အခ်က္လက္ေတြကို မွ်ေဝခဲ့တယ္။ တ႐ုတ္အစိုးရဟာ WHO အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္သြားမယ္။ တ႐ုတ္အစိုးရဟာ ျပည္သူေတြရဲ႕က်န္းမာေရးနဲ႔ ရွင္သန္ေနထိုင္မႈတြကို ကာကြယ္ေပးဖို႔ နဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး စိန္ေခၚမႈမ်ားကိုထိေရာက္စြာေျဖရွင္းႏိုင္ေအာင္ ကမာၻတဝွမ္းရွိႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုလုပ္ေဆာင္မွာပါ" လို႔ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ျဖစ္ခဲ့တဲ့ ဆႏၵျပပြဲမ်ားေၾကာင့္ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ စည္းကမ္းမ်ားကိုေျဖေလ်ာ့ခဲ့ရာ ႏိုင္ငံတဝွမ္းကူးစက္ခံရမႈမ်ားျမင့္တက္ခဲ့ၿပီး တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အတြင္း ကူးစက္ခံရသူသန္းခ်ီျမင့္တက္လာႏိုင္သလို ေသဆုံးသူသန္းခ်ီရွိလာႏိုင္ေၾကာင္း တ႐ုတ္ေဆးပညာရွင္မ်ားက သုံးသပ္ေျပာဆိုေနပါတယ္။
အေမရိကန္အပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ တ႐ုတ္ႏိုင္ငံကလာတဲ့ခရီးသြားမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ ရွိ/မရွိ စမ္းသပ္စစ္ေဆးမႈမ်ားအရွိန္ျမင့္လုပ္ေဆာင္ေနေၾကာင္းလည္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမိုသုံးစွဲနိုင်ရေး ဦးစားပေးဆောင်ရွက်နေဟု ဗဟိုဘဏ်ပြော
RELATED POSTS
27 Dec 2022 | COVID 19 သတင်း,ပြည်တွင်း