နွားထိုးကြီးမြို့နယ်၌ အကြမ်းဖက်များက အရပ်သားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်၍ ဖုန်းနှင့်ဆိုင်ကယ်များ လုယက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇွန် ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ အကြမ်းဖက်များက အရပ်သားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်၍ ဖုန်း(၃)လုံးနှင့်ဆိုင်ကယ်(၁)စီးကို လုယက်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် (ဇွန်လ ၁၈ ရက်)၊ ညနေ ၄နာရီ အချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဦးအောင်ကျော်မြင့်(ခ)ဒီမို၏နေအိမ်သို့ အကြမ်းဖက်(၃)ဦးက ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်များသည် နေအိမ်ရှိ လက်ကိုင်ဖုန်း (၃)လုံးနှင့် Dayang 125 အမျိုးအစား ဆိုင်ကယ် (၁)စီးတို့အား လုယက်ယူဆောင်သွားကြောင်းလည်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ကျော်မြင့်(ခ)ဒီမိုတွင် ကျဉ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ကြံသက်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကို ဥဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယားပြည်နယ်ရှိ BGF တပ်ရင်း(၂)ခုကို KNPLF အဖြစ် ပြန်လည်အမည်ပြောင်းကာ လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း