နွားထိုးကြီးမြို့နယ်၌ PDF အဖွဲ့က ရာအိမ်မှူးအပါအဝင် အရပ်သား(၂)ဦးအား သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အဖွဲ့က ရာအိမ်မှူးအပါအဝင် အရပ်သား(၂)ဦးအား သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျဉ်းကန်ကျေးရွာအနီး၊ နွားထိုးကြီး-မလှိုင်ကားလမ်း၊ မကျဉ်းကန်ကျေးရွာလမ်းဆုံ၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသား(၂)ဦးသည် သုံးတောင်ကျေးရွာမှ မကျဉ်းကန်ကျေးရွာသို့ ထော်လာဂျီဖြင့် ထွက်လာစဉ် အဆိုပါလမ်းဆုံအရောက်၌ PDF အဖွဲ့ အင်အား(၈)ဦးခန့်က သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် သုံးတောင်ကျေးရွာနေသူများဖြစ်သည့် ရာအိမ်မှူး ဦးဌေးလှိုင်(၅၅)နှစ် နှင့် ဦးမောင်ညို(၆၉)နှစ်တို့သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်၌ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် SPIEF-2023 မှာ ရင်းနှီးမှုမရှိတဲ့ နိုင်ငံပေါင်း(၂၅)နိုင်ငံမှ ကုမ္ပဏီပေါင်း(၁၅ဝ)ခန့်ပါဝင်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း