ဧရာဝတီမြစ်အတွင်း အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး
Pearl (NSS) - ဇွန် ၁၈
ဧရာဝတီမြစ်အတွင်း အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၁၈ ရက်)၊ ညနေ ( ၅ )နာရီခွဲ အချိန်ခန့်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ယာဉ်တော်ကျေးရွာ၊ ဧရာဝတီမြစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမရပူရမြို့တွင်နေထိုင်သူ မောင်ကောင်းသန့်မိုး အသက် (၁၉) နှစ်သည် ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးပြီး ကစားစဥ် ရေနစ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ကယ်ဆယ်ရေးအဖွဲ့သည် ညနေ (၆)နာရီအချိန်ခန့်တွင် ရေငုပ်ရှာဖွေပေးခဲ့ရာ (၁၅)မိနစ်ခန့်ကြာပြီးနောက် ၎င်းရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
" ရေချိုးကစားရင်း ဖြစ်တာ။ ကမ်းဘေးမှာရပ်ထားတဲ့ လှေကို ဆော့ပြီးယူစီးတယ်။ ပြီးတော့ လှေထဲ ရေဝင်ပြီး လှေကမြုပ်သွားပြီး ရေနစ်သွားတယ်ပြောတယ်။ စီးတာကတော့ (၂)ယောက်ပေါ့၊ ကျွန်တော်တို့အသင်းက အလောင်းဆယ်တယ် ။ အခြားအသင်းက အလောင်းကို ဆေးရုံပို့ပေးတာ"ဟု အထက်ပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် အဆိုပါရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ၊ ရွှေရောင်းဝယ်သူများနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် ငွေကြေးခဝါချမှုများကို ဖော်ထုတ်ရန် CIASC အဖွဲ့ကို ဖွဲ့စည်းထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း