သိမ်ဇရပ်မြို့အတွင်းသို့ ၆၀(မမ)ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၁)ဦးသေဆုံးကာ မူကြိုအရွယ်ကလေးအပါဝင်(၄)ဦး ဒဏ်ရာရ
NP News - ဇွန် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အတွင်းသို့ ၆၀(မမ)ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၁)ဦးသေဆုံးကာ မူကြိုအရွယ်ကလေး အပါအဝင်(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန် ၁၆ ရက်) ည ၁၀ နာရီအချိန်ခန့်တွင် သိမ်ဇရပ်မြို့၊ ရွာလေးကွက်သစ်ရပ်ကွက်အတွင်းသို့ ၆၆ (မမ) ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
KNLA၊ PDF ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်(၆)ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် သိမ်ဇရပ်မြို့၊ သုံးအိမ်စုကျေးရွာလမ်းဆုံသို့ ရောက်ရှိလာကာ ၆၀(မမ) ဗုံးသီး(၃)လုံးဖြင့် သိမ်ဇရပ်ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထိုသို့ ပစ်ခတ်စဉ်အချိန်တွင် ၆၀(မမ) ဗုံးသီးတစ်လုံးသည် သိမ်ဇရပ်မြို့၊ ရွာလေးကွက်သစ်ရပ်ကွက်၌ ရှိသော ဒေါ်အေးအေးနွယ်၏ ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
၎င်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒေါ်အေးအေးနွယ်သည် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးဇင်ဘိုလတ်နှင့် (၅)နှစ်အရွယ် မူကြိုကျောင်းနေတက်နေသည့် သမီးဖြစ်သူ မသဇင်အောင်တို့သည် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် KNLA၊ PDF ပူးပေါင်းအဖွဲ့က ထပ်မံပစ်ခတ်သည့် ၆၀(မမ) ဗုံးသီး(၂)လုံးသည်လည်း ရွာလေးကွက်သစ်ရပ်ကွက်ရှိ ဦးရှိန်းကျော်၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဦးရှိန်းကျော်နှင့် ၎င်းဇနီးဖြစ်သူ ဒေါ်ချိုမာသန်းတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိသွားခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။
“ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးကွက်သစ်ဘက်သို့ လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်တာ အရပ်သား(၅)ဦး ထိခိုက်သွားတယ်။ တစ်ယောက်က ဆုံးသွားတယ်။ ကျန်တဲ့ (၄)ဦးက ဒဏ်ရာရသွားတယ်။ တပ်က အဲဒီနေရာတွေကို ဘယ်လိုမှ ပစ်စရာအကြောင်းမရှိဘူးလေ။ သိမ်ဇရပ်မြို့ထဲကို ဆိုင်ကယ်နဲ့ လာပြီးတော့မှ ၆၀ (မမ) ဗုံးသီးနဲ့ ပစ်သွားတာ။ သေချာတာတစ်ခုကတော့ တပ်မတော်က အနီးအနားကနေ ပစ်စရာအကြောင်းမရှိဘူး။ အကြမ်းဖက်ကပဲ အကြောက်တရားနဲ့ ဝင်ဝင်ပြီးလုပ်နေတာ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ၆၀(မမ) ဗုံးသီးများ သိမ်ဇရပ်မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သူနှင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၁၇ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း