ပြင်ဦးလွင်မြို့နယ်၌ ကြိုးဆွဲချအဆုံးစီရင်ကာ သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တစ်လကျော်ကြာအချိန်၌ ပြန်လည်တွေ့ရှိ
Pearl (NSS) - ဇွန် ၁၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ကြိုးဆွဲချအဆုံးစီရင်ကာ သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တစ်လကျော်ကြာ အချိန်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သန္တိသုခလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
၎င်းရုပ်အလောင်းအား ယနေ့ (ဇွန်လ ၁၇ရက်)၊ နေ့လည် ( ၁ ) အချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ ဦးနှောင်းဂူ(သုံထပ်ရေတံခွန်)အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးနှောင်းဂူအနီးရှိ တောတွင်း၌ မှိုရှာသူတစ်ဦးက ကြိုးဆွဲချသေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောထဲမှာ မှိုရှာနေတဲ့ လူက အဲ့အလောင်းကိုတွေ့သွားတာ။ အလောင်းကို ပုပ်နေတဲ့အပေါ်ကိုကြည့်ပြီး တစ်လလောက်ကြာပြီဆိုပြီးသိတာ။ အလောင်းကိုင်နေကျလူက ဘယ်လောက်ပုပ်ရင် ဘယ်လောက်ကြာပြီလဲဆိုတာ သိတယ်။ မိသားစုနဲ့တော့ခုထိ အဆက်အသွယ်မရသေးပါဘူး။ ပိုင်းရှင်မဲ့အလောင်းပေါ့” ဟု အထက်ပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူသည် အသက် (၅၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ကျပ် (၂ဝဝဝ)ကျော်သို့ ရောက်ရှိလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း