Move Forward ပါတီ ဦးဆောင်တဲ့ (၈)ပါတီညွန့်ပေါင်းအဖွဲ့ရဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ တွေ့ဆုံဆွေးနွေးမှုများကို ရွှေ့ဆိုင်း
ဂျန်ဇက် (NSS) - ဇွန် ၁၇
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ Move Forward ပါတီ ဦးဆောင်တဲ့ (၈)ပါတီညွန့်ပေါင်း အဖွဲ့ဟာ လာမယ့် ဇွန်လ ၂ဝ ရက်ကနေ ၂၂ ရက်အတွင်းကျင်းပဖို့စီစဉ်ထားတဲ့ အစိုးရသစ်ဖွဲ့စည်းပုံများကို ဆွေးနွေးဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ထိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားဝင်ရလဒ်များကို မေလ ၂၁ ရက်မှာထုတ်ပြန်ကြေညာဖွယ်ရှိနေတဲ့အတွက် ၈ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ဆွေးနွေးမယ့်အစီအစဉ်များကိုရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်များကို တရားဝင်ကြေညာချိန်မှသာ ရလဒ်များ အတည်ဖြစ်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း ၅ဝဝ ရဲ့ အမည်စာရင်းများကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ မဲအငြင်းပွားမှုများနဲ့ပတ်သက်ပြီး အမှုပေါင်း ၇၁ မှုကို စစ်ဆေးလျက်ရှိနေကြောင်း သိရပါတယ်။
ရွေးကောက်ပွဲမှာအငြင်းပွားမှုများဖြစ်ပွားနေခြင်းနဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ကိုယ်စားလှယ်တွေထဲမှာ Bhumjaithai ပါတီက ၂၁ ဦး၊ ဖြူထိုင်းပါတီက ၁၇ ဦး၊ ပလန်ပရာချက်ရက်ပါတီက ၁၆ ဦးနဲ့ Move Forward ပါတီက ၆ ဦး၊ ဒီမိုကရက်တစ်ပါတီ နဲ့ ညီညွတ်သောထိုင်းအမျိုးသားပါတီက ၃ ဦးစီ ပါဝင်နေတဲ့အပြင် Pheu Thai Ruam Palang ပါတီကတစ်ဦး၊ Thai Sang Thai ပါတီက နှစ်ဦးတို့ ပါဝင်နေကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လွှတ်တော်နှစ်ရပ်ပေါင်း ၃၇၆ မဲရမှသာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မှာဖြစ်ရာ Move Forward ပါတီဟာ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ အခြားပါတီ ၇ ပါတီနဲ့မဟာမိတ်ဖွဲ့စည်းထားပေမယ့် စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ပါတီတွေနဲ့ မဟာမိတ်ဖွဲ့စည်းထားခြင်းမျိုးမရှိကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားလူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား (၁၇)ဦး အပါအဝင် ရွှေ့ပြောင်းအလုပ်သမား (၃၅)ဦးကိုဖမ်းဆီး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း