မလေးရှားလူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား (၁၇)ဦး အပါအဝင် ရွှေ့ပြောင်းအလုပ်သမား (၃၅)ဦးကိုဖမ်းဆီး
ဂျန်ဇက် (NSS) - ဇွန် ၁၇
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများနဲ့ ရဲတပ်ဖွဲ့တို့ဟာ Seri Kembangan ပြည်နယ် ဆီလန်ဂေါ်ဈေးကို ပြီးခဲ့တဲ့ရက်ပိုင်းက စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၁၇ ဦးအပါအဝင် မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မလေးရှားလူဝင်မှု ကြီးကြပ်ရေး ညွှန်ချုပ် Datuk Ruslin Jusoh ကပြောပါတယ်။ မလေးရှားအာဏာပိုင်များဟာ အဆိုပါဈေးကို စီးနင်းချိန်အတွင်း နိုင်ငံခြားသား ၉၅ ဦးကိုစစ်ဆေးခဲ့ကြောင်း၊ အဆိုပါစစ်ဆေးခဲ့သူများအနက်မှတရားမဝင်နေထိုင်နေတဲ့ ပြည်ပနိုင်ငံသား ၃၅ ဦးကို ဖမ်းမိခဲ့ကြောင်းပြောပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးညွှန်ချုပ်က "ဈေးကို စီးနင်းချိန်မှာအသက် ၂၁ နှစ်ကနေ ၃၅ နှစ်ကြားရှိ တရားမဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ ၃၅ ဦးကိုဖမ်းမိခဲ့တယ်။ အဲဒီဖမ်းဆီးသူတွေထဲမှာ မြန်မာနိုင်ငံသား ၁၇ ဦးပါဝင်ခဲ့တယ်။ ဒါ့ပြင် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၃ဦး၊ အိန္ဒိယနိုင်ငံသား ၂ဦးနဲ့ ယီမင်နိုင်ငံသားတစ်ဦးတို့ကိုလည်းဖမ်းမိခဲ့တယ်"လို့ပြောပါတယ်။
မလေးရှားရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများဟာ ဈေးကိုစီးနင်းချိန်အတွင်း အခက်အခဲများကြားကနေ တရားမဝင်ရောက်ရှိနေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးရမိခဲ့တာဖြစ် ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းနေချိန်အတွင်းရွှေ့ပြောင်းအလုပ်သမားတွေထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေး ညွှန်ချုပ်ကပြောပါတယ်။ မလေးရှားအာဏာပိုင်များဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားများကိုလည်း ဖမ်းဆီးမှုများရှိခဲ့ပြီး Semenyih ထိန်းသိမ်းရေးစခန်းမှာ ထားရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိတ်ရောဂါဝေဒနာသည်တစ်ဦး ရေထဲခုန်ချ သေဆုံးမှု အောင်မြေသာစံမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း