စိတ်ရောဂါဝေဒနာသည်တစ်ဦး ရေထဲခုန်ချ သေဆုံးမှု အောင်မြေသာစံမြို့နယ်၌ ဖြစ်ပွား
Photo - စေတနာ မေတ္တာ ကရုဏာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့
Pearl (NSS) - ဇွန် ၁၇
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် စိတ်ရောဂါဝေဒနာသည်အမျိုးသားတစ်ဦးသည် ရေထဲခုန်ချ၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန် ၁၆ ရက်)၊ ည (၇)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ ၇၆လမ်းx ၁လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းထောင့်ရှိ သင်္ဂဇာချောင်းထဲသို့ အသက် (၃၅)နှစ်ဝန်းကျင်ရှိ စိတ်ရောဂါဝေဒနာသည် အမျိုး သား(၁)ဦး ခုန်ချသွားခဲ့ကြောင်း သိရသည်။
"သူက အနီးပတ်ဝန်းကျင်က လူမဟုတ်ဘူး ။ အဲ့နားကို အဲ့နေ့မနက်ပိုင်းကမှ ရောက်လာတယ်ပြောတယ်။ နည်းနည်းစိတ်မမှန်တဲ့ သဘောရှိတယ်။ သူဘာသာ ခုန်ချသွားတာ။ Dead Bodyပဲ ပြန်ရတယ်"ဟု ဖအောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဘုန်းကြီးတစ်ပါးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်မှု သပိတ်ကျင်းမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း