တောကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဘုန်းကြီးတစ်ပါးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်မှု သပိတ်ကျင်းမြို့နယ်၌ ဖြစ်ပွား
သန့်ဇင် (NSS)-ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၌ တောကျောင်းတွင် သီတင်းသုံးနေသည့် ဘုန်းကြီးတစ်ပါးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန် ၁၄ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာ အရှေ့ဘက် ၂ ဖာလုံခန့်အကွာ တောကျောင်းအနီးရှိ လယ်ကွင်းထဲ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သက်တော်(၆၀)၊ ဝါတော်(၆)ဝါ ရှိဆရာတော် ဦးပညာစာရအား PDF အဖွဲ့က ဖမ်းဆီခေါ်ဆောင်သွားကာ ကျောင်းအနီးရှိ လယ်ကွင်းထဲအရောက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ပစ်သတ်မှုကြောင့် ဆရာတော် ဦးပညာစာရတွင် ကျဉ်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူသွားကြောင်း သိရသည်။
အထက်ပါကဲ့သို့ အကြမ်းဖက်ပစ်ခတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်ကြေညာထားသည်။
လက်ရှိတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်တွင်း၌ သံဃာတော်အပါး (၇၀)နှင့် သီလရှင်ဆရာကြီး (၁)ပါးတို့ ပျံလွန်တော်မူထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့ အမေရိကန်တို့ လက်ရှိမူဝါဒများအတိုင်း ဆက်လုပ်မယ်ဆိုရင် စစ်ရေးပဋိပက္ခများဖြစ်လာနိုင်ဖွယ်ရှိနေဟု ဟင်နရီကစ်ဆင်ဂျာသုံးသပ်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း