Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နဲ့ အမေရိကန်တို့ လက်ရှိမူဝါဒများအတိုင်း ဆက်လုပ်မယ်ဆိုရင် စစ်ရေးပဋိပက္ခများဖြစ်လာနိုင်ဖွယ်ရှိနေဟု ဟင်နရီကစ်ဆင်ဂျာသုံးသပ်

ဂျန်ဇက် (NSS) - ဇွန် ၁၇

တရုတ်နိုင်ငံ နဲ့ အမေရိကန်နိုင်ငံတို့ဟာ လက်ရှိ မူဝါဒများအတိုင်း ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာက သတိပေးပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုများရှိလာခဲ့ပြီးနောက် ဟင်နရီကစ်ဆင်ဂျာက အခုလိုမျိုး သတိပေးလိုက်တာဖြစ်ပါတယ်။ ၎င်းက "အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ လက်ရှိပုံစံအတိုင်းသွားမယ်ဆိုရင် စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်လာနိုင်တယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ တစ်နိုင်ငံအပေါ်တစ်နိုင်ငံက သံသယဖြစ်မှုတွေကြီးမားနေတယ်။ တရုတ်နိုင်ငံကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့နိုင်ငံက အမေရိကန်ဖြစ်တယ်လို့ တရုတ်ဘက်က ရှုမြင်နေသလို အမေရိကန်ကလည်း တရုတ်နိုင်ငံအပေါ် မယုံကြည်မှုများပြားနေတယ်။ နှစ်နိုင်ငံကြားစစ်ပွဲဖြစ်လာမယ်ဆိုရင် ကုန်ကျစရိတ်ပိုမိုများပြားလာမှာဖြစ်တယ်။ လက်ရှိအချိန်မှာ နှစ်နိုင်ငံစလုံးဟာ ချောက်ကမ်းပါးထိပ်ကနေ ပြန်ဆုတ်ခွာရမှာဖြစ်တယ်။ တင်းမာမှုအရှိန်ကို လျှော့ချဖို့ ကြိုးပမ်းရမှာဖြစ်တယ်"လို့ပြောပါတယ်။ 

အမေရိကန် နဲ့ တရုတ်နိုင်ငံကြားစစ်ရေး ပဋိပက္ခများမဖြစ်လာစေဖို့အတွက် လက်ရှိဆက်ဆံရေးလမ်း ကြောင်းကို အပြောင်းအလဲလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ နှစ်ဖက်စလုံးဟာ တင်းမာမှုများကိုလျှော့ချပစ်ရမှာဖြစ်ကြောင်း ကစ်ဆင်ဂျာက သုံးသပ်ပြောဆိုထားပါတယ်။ ၎င်းက "လက်ရှိအချိန်အထိတော့ နှစ်နိုင်ငံစလုံးဟာ စေ့စပ်ဆွေးနွေးမှုတွေမလုပ်နိုင်သေးဘူး။ ဒါပေမယ့် နှစ်နိုင်ငံစလုံးဟာ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းအပေါ်ကို ရောက်ရှိလာမယ်လို့မျှော်လင့်ထားတယ်"လို့ ပြောပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသလို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏသွားရောက်နေခြင်းကြောင့် အမေရိကန် နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုများရှိနေကြောင်းသိရပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ ပိုင်နက်ဖြစ်ပြီး အမေရိကန်အနေနဲ့  One China မူဝါဒတွေကို လေးစားလိုက်နာစေလိုကြောင်းပြောထားပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာဆိပ်ကမ်းများသို့ ရေကြောင်းအသုံးပြု သွားလာနိုင်မည့်အခြေအနေများကို နှစ်နိုင်ငံဆွေးနွေးနေ

RELATED POSTS
RECENT POSTS
အကြောတင်းတင်းနဲ့ ထုတ်ပြန်လာတဲ့ TNLA ရဲ့ ထုတ်ပြန်ချက်၊ UWSA "၀" ကို ရက် သတ်မှတ်ပေးလိုက်တဲ့ ထိုင်း တပ်မတော်၊ မုံရွာနဲ့ ချောင်းဦးက PDF တွေ အလင်းဝင်စေဖို့ ပြည်ပြေးခေတ်သစ်တို့က ထပ်ဆင့်လှုံ့ဆော်ပေးနေ၊ မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း လမပိုင်း ယာယီပိတ်တဲ့ မန္တလေး PDF (၂၅-၁၁-၂ဝ၂၄)
25 Nov 2024
နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြောလာ
25 Nov 2024
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved