မြင်းခြံမြို့နယ်ရှိ ကားလမ်းဘေး၌ မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း(၁၃)လုံးအပါအဝင် ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေးအဖွဲ့ သိမ်းဆည်းရှင်းလင်း
NSS - ဇွန် ၁၄
မြင်းခြံမြို့နယ်ရှိ ကားလမ်းဘေး၌ မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း (၁၃)လုံးအပါအဝင် ဖောက် ခွဲရေးပစ္စည်းများကို လုံခြုံရေးအဖွဲ့မှသိမ်းဆည်းရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်ရှိ မြင်းခြံ-မြို့သာကားလမ်းဘေး၌ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ် တူးရွင်းဘို့ကျေးရွာနှင့် သစ်ရုံကျေးရွာကြားတွင် ရဲတပ်ဖွဲ့မှလုံခြုံရေးလုပ်ငန်းများဆောင် ရွက်နေစဉ် အကြမ်းဖက်သမားများ ထောင်ထားသော ဖောက်ခွဲရေးပစ္စည်းများအား တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
PDF များ ထောင်ထားသည့် လက်လုပ်မိုင်းများထဲတွင် မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၃ လုံး၊သံပိုက်တို့ဖြင့်လုပ်ထားသော လက်လုပ်မိုင်း ၃လုံး၊ ဝါယာကြိုး ၃ ခွေနှင့် ဆိုင်ကယ်ဘက္ထရီအိုး ၆ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပက်သက်၍ သိမ်းဆည်းရမိခဲ့သော လက်လုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေးအဖွဲ့ဝင်များက ထိန်းသိမ်းရှင်းလင်းခဲ့ပြီး ပါဝင်ပက်သက်သူများအား ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စုပေါင်းအဆောက်အအုံကွန်ဒို ဥပဒေအသစ်နဲ့ တိုက်ခန်းတွေ ရောင်းချနေသော်လည်း နိုင်ငံခြားသားများ ဝယ်ယူမှုမရှိသေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း