Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း မင်းဘူး-ရွှေစက်တော် နှင့် တောင်ပေါ်-တောင်အောက်ခရီးစဉ်များကို ယာဉ်အစီးရေ(၃ဝ)ဖြင့် ပြေးဆွဲသွားမည်

NP News - ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း မင်းဘူး-ရွှေစက်တော် ခရီးသည်တင်မော်တော်ယာဉ်လိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပိုတွဲလဆန်း ၅ ရက် (ဇန်နဝါရီလ ၂၅ ရက်) မှ မြန်မာနှစ်ဆန်းတစ်ရက်(ဧပြီလ ၁၇ ရက်)အထိ (၃)လနီးပါးကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း မင်းဘူးမြို့မြောက်လှည်းကောက် အဝိုင်းပတ်ဂိတ်၌ အောင်မန်းမော်တော်ယာဉ်ငယ်လိုင်းမှ ဇန်နဝါရီလ ၂၅ ရက်မှ စတင်ကာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မင်းဘူး-ရွှေစက်တော်ယာဉ်လိုင်းကို ပြေးဆွဲသွားမည့်အပြင် အဆိုပါယာဉ်လိုင်းမှ မန်းရွှေစက်တော်ဘုရားကြီး၌ တောင်ပေါ်-တောင်အောက် (အတက်-အဆင်း) ခရီးစဉ်ကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းပြေးဆွဲရာတွင် Starex နှင့် Vongo ကားအမျိုးအစား မှန်လုံယာဉ်ငယ်ယာဉ်(၁ဝ)စီးဖြင့် မင်းဘူး-ရွှေစက်တော်ခရီးစဉ်ကိုလည်းကောင်း၊ တောင်ပေါ်-တောင်အောက်(အတက်အဆင်း) ခရီးစဉ်ကို ယာဉ်အစီး (၂ဝ)ဖြင့်လည်းကောင်း စုစုပေါင်း မော်တော်ယာဉ်အစီးရေ (၃ဝ) ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရ သည်။

ထို့ပြင် ပွဲတော်ကာလအတွင်း ယာဉ်အစီးရေ လုံလောက်မှုမရှိပါက ထပ်မံဖြည့်တင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ယာဉ်လိုင်းများပြေးဆွဲရာ၌ ယာဉ်စီးခနှုန်းထားများကို မင်းဘူး-ရွှေစက်တော် ခရီးစဉ်တွင် အသွား ၆ဝဝဝ ကျပ်၊ အပြန် ၆ဝဝဝ ကျပ်နှုန်း၊ တောင်ပေါ်-တောင်အောက် ခရီးစဉ်တွင် အတက် ၁ဝဝဝ ကျပ်၊ အဆင်း ၅ဝဝ ကျပ် နှုန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

ယာဉ်စီးခနှုန်းထားကို စက်သုံးဆီဈေးနှုန်းအပေါ် မူတည်၍ သတ်မှတ်ထားကာ ယာဉ်လိုင်းပြေးဆွဲမည့် အသုံးပြုမော်တော်ယာဉ်များ ကြံ့ခိုင်ကောင်းမွန်စေရေး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲမောင်းနှင်နိုင်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မင်းဘူးခရိုင်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။


zawgyi version


NP News - ဇန်နဝါရီ ၆









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သံတင်သွင်းခွင့်ပါမစ်ပိတ်ထားမှုကြောင့် သံဈေးနှုန်းများမြင့်တက်နေပြီး ပစ္စည်းရှားပါးမှုများပါကြုံတွေ့နေရ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved