ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းကို ဖောက်သည်နိုင်ငံများ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် နစကဝန်ကြီးဆို
ယွန်း (NSS) - ဇွန် ၁၂
ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများကို ဖောက်သည်နိုင်ငံများ၏ သတ်မှတ်ချက်နှင့်အညီဆောင်ရွက်ရန် နစကဝန်ကြီးမှ တိုက်တွန်းပြောဆိုထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဇွန်လ (၁၁) ရက်တွင် သာကေတမြို့နယ်၊ ရှုခင်းသာရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲသို့ သွားရောက်စဥ် အထက်ပါကဲ့သို့ ဆိုထားခြင်းဖြစ်သည်။
ပြည်ပသို့ မြန်မာ့လယ်ယာသားငါးပို့ကုန်များ တင်ပို့မှုတွင် ငါးပုစွန်နှင့် ရေထွက်ကုန်များ၏ အခန်းကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ နိုင်ငံ၏ထွက်ကုန်အရည်အသွေးဆိုင်ရာ ဂုဏ်သိက္ခာမြှင့်တင်ရေးနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ဖောက်သည်နိုင်ငံများ၏ သတ်မှတ်ချက်အတိုင်းတင်ပို့ရန် ၎င်းကတိုက်တွန်းပြောဆိုခဲ့သည်။
ရေထွက်ကုန်များတင်ပို့ရာ၌ ဖောက်သည်နိုင်ငံများက သတ်မှတ်ထားသည့် ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများ၊ ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းအရည်အသွေးများနှင့်အညီ ဖြစ်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။
လက်ရှိတွင် မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံပေါင်း(၄ဝ) ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
(၂ဝ၂၃ -၂ဝ၂၄) ဘဏ္ဍာနှစ်၏ ဧပြီလ (၁) ရက်မှ မေလ (၁၂) ရက်အထိ ပြည်ပသို့ရေ ထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄ဝ ဒသမ ၉၈)သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလတွင်လည်း ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၄ ဒသမ ဝ၇) သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာသန်း(၃ဝဝ)နီးပါး ကုန်သွယ်မှုပြုလုပ်ထား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း