ညောင်ဦးမြို့၌ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည် အသက်(၉)နှစ်အရွယ် ကိုရင်(၂)ပါး ရေနစ်ကာ ပျံလွန်တော်မူ
စော (NSS) - ဇွန် ၁၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် အသက်(၉)နှစ်အရွယ် ကိုရင်(၂)ပါး ရေနစ်သေဆုံးကာ ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁ဝ ရက်)၊ ညနေ(၆)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ရှိ ဧရာဝတီမြစ်အတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါကိုရင်(၂)ပါးအား ညနေစာသင်ချိန်တွင်မတွေ့သဖြင့် လိုက်လံရှာဖွေရာ ရေဆင်းချိုးသည့် နေရာအနီးတွင် သင်္ကန်းနှင့် ဖိနပ်များအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေဆင်းချိုးရာကနေ နစ်သွားတယ်ပြောတယ်။ မနေ့က ည(၁ဝ)နာရီကနေ မနက်(၃)နာရီရှာတာ ည(၁၂)နာရီ(၁ဝ)မိနစ်မှာ တစ်ပါးကိုတွေ့တယ်။ ဒီနေ့မနက်(၇)နာရီကနေစရှာတာ (၁ဝ)နာရီ(၂ဝ)မိနစ်မှာ နောက်ကျန်တဲ့ ကိုရင်လေးတစ်ပါးကို ပြန်ရှာတွေ့ပါတယ်”ဟု ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ တာ ဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရေနစ်သေဆုံးသွားသည့် ကိုရင်(၂)ပါးသည် အသက်(၉)နှစ်ခန့်သာရှိသေးကြောင်းသိရပြီး ညောင်ဦးမြို့နယ် အလိုတော်ပြည့်ဘုန်းကြီးကျောင်းတွင် သတင်းသုံးနေထိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ၎င်းတို့၏ရုပ်အလောင်းအား ညောင်ဦးခရိုင်ပြည်သူ့ ဆေးရုံသို့ပိုဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်ဒေါ်လာပေါက်ဈေးဖြင့် ရောင်းချပေးနေသည့် ပန်းစွယ်တော်ကွန်ဒိုမီနီယံစီမံကိန်းကို စိတ်ဝင် စားမှုများပြားနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း