ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦး အိပ်ပျော်နေစဉ် သေဆုံးမှုဖြစ်ပွား
စော(NP News)- ဇွန် ၁၁
ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦး နေအိမ်တွင် အိပ်ပျော်နေစဉ် ကွယ် လွန်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသားသည် ယမန်နေ့( ဇွန်လ ၁ဝ ရက်)၊ နံနက်ပိုင်းတွင် ကိုရီယားနိုင်ငံရှိ ဂယောင်နမ်ပြည် နယ်၊ ချန်းဝမ်းမြို့၊ ချန်းညောင်းမြို့နယ်၊ ဂျန်းမာရပ်ကွက်ရှိနေအိမ်တွင် သေဆုံးခဲ့ကြောင်း ကိုရီယားနိုင်ငံရှိ မြန်မာနိုင်ငံသားတစ်ဦးထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် ကိုသူရဖြိုး(၃၃)နှစ်ဖြစ်ပြီး ၎င်းတွင် အသက်(၁၁)အရွယ် သမီးတစ်ဦးရှိကြောင်း သိရသည်။
အဆိုပါအမျိူးသားသည် တစ်ညလုံး ပန်ကာဖွင့်ကာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်ပြီး နံနက်ရောက်သည့် အချိန်တွင် အသက်မရှိတော့ကြောင်း သိရသည်။
ကိုသူရဖြိုးနှင့် အလုပ်အတူတူလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးမှ နံနက်ပိုင်းတွင် အိပ်ယာသွားနှိုးချိန်၌ သေဆုံးနေသဖြင့် အလုပ်ရှင်ကို အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ကိုရီယားနိုင်ငံရှိ မှိုစိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်လုပ် ကိုင်သည့် ကာလသည် (၄)လသာရှိသေးကြောင်း သိရသည်။
ကိုသူရဖြိုးသည် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်အုပ်စု၊ ကြို့ကုန်းရွာမှဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အခွန်ရုံး နှင့် နေရာ(၆)ခုတွင် ဖောက်ခွဲမှုများ ကျူးလွန်ထားသော Brave Eagle အဖွဲ့မှ ခေါင်းဆောင် အပါအဝင်(၅)ဦးကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း