ပြည်တွင်း၌ထုတ်လုပ်မည့် SKD နှင့် CKD ကားများကို အကောက်ခွန်နှုန်းလျော့ချပေးနေ
NP News - ဇွန် ၁ဝ
အကောက်ခွန်လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်အပြောင်းအလဲအရ ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်းတပ်ဆင်သော(SKD) ကားနှင့် အလုံးစုံတပ်ဆင်သော (CKD)ကားများကို အခွန်လျှော့ချသတ်မှတ်ပေးလိုက်ကြောင်းသိရသည်။
မော်တော်ယာဉ်အမျိုးအစားအလိုက် အကောက်ခွန်နှုန်းထားများကို (၅)ရာခိုင်နှုန်းမှ (၂)ရာခိုင်းနှုန်းအထိ လျှော့ချသတ်မှတ်ခြင်းဖြစ်ပြီး လုပ်ငန်းသုံးဘတ်စ်ကား၊ ကုန်တင်ကား၊ သုံးဘီးဆိုင်ကယ် နှင့် ဆိုင်ကယ်များအတွက်လည်းအကျုံးဝင်ကြောင်း သိရသည်။
“အကောက်ခွန်နှုန်းပြောင်းတာက ကြီးကြီးမားမားဈေးကွက်မပြောင်းသွားပါဘူး။ ကုန် သွယ်ရေး စာချုပ်တွေအရ အာဆီယံနိုင်ငံတွေက ကားတွေဆိုရင် အကောက်ခွန်ကင်းလွတ်ခွင့်တောင်ရထားတာဘဲ။ မြန်မာပြည်ရဲ့အကောက်ခွန် နှုန်းကြောင့် ကားဈေးမြင့်တာမဟုတ်ဘူး ၊ တခြားလိုင်စင်နဲ့ဝင်ငွေခွန်တွေကြောင့်ပဲမြင့်နေတာ။ MIC ပါမစ်နဲ့ SKD ၊ CKD ကားတွေအခွန်လျှော့ပေးရုံနဲ့ ကားဈေးအပြောင်းအလဲမရှိနိုင်ဘူး”ဟု ကားထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်း၌ SKD နှင့် CKD စနစ်အရ ထုတ်လုပ်တပ်ဆင်နေသည့် ဆူဇူကီး နှင့် KIA ကားသစ်များရှိနေသော်လည်း ဈေးကွက်လိုအပ်ချက် အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိကြောင်းသိရသည်။
လက်ရှိမော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအရ လုပ်ငန်းသုံးမော်တော်ယာဉ်များသာ ပြည်ပမှတင်သွင့်ခွင့်ပေးအပ်ထားပြီး လူစီးအိမ်စီးကားများကို SKD နှင့်CKD စနစ်ဖြင့်သာ ထုတ်လုပ်ရောင်းချခွင့်ပြုထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေဇုန်သစ်တောအတွင်း ရက်ပေါင်း(၄ဝ)ကျော်ကြာပျောက်ဆုံးခဲ့တဲ့ ကလေးငယ်(၄)ဦးကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း