လုပ်ငန်းသုံးကား အမည်ခံကာ အိမ်စီးကား အချို့တင်သွင်းမှုများရှိနေ
ပုံစာ- ၂ဝ၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက လုပ်ငန်းသုံးကားအမည်ခံတင်သွင်းလာသောကားများအား ဆိပ်ကမ်း၌ တွေ့ရစဉ်
NP News - ဇွန် ၈
အိမ်စီးမော်တော်ယာဉ်တင်သွင်းခွင့်ပိတ်ထားသော်လည်း အစိုးရအရာရှိကြီးများနှင့်နီးစပ်သောလုပ်ငန်းရှင်အချို့က ကုမ္ပဏီလိုင်စင်ပါမစ်ဖြင့် လုပ်ငန်းသုံးကားအမည်ခံကာ တင်သွင်းမှုအချို့ရှိနေကြောင်း မော် တော်ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။
လက်ရှိအချိန်တွင် လူစီးအိမ်စီးကားများကို အရောင်းပြခန်းအလိုက်တင်သွင်းမှု၊ တရားဝင်အရောင်းကိုယ် စားလှယ်ဖြင့်တင်သွင်းမှု၊ တစ်ပတ်ရစ်ကားတင်သွင်းမှုအပါအဝင် နိုင်ငံခြားမှတင်သွင်းမှုအားလုံးကို လိုင် စင်ပါမစ်ပိတ်ထားသော်လည်း ကားအချို့ကို လုပ်ငန်းသုံးအမည်ခံကာ လူစီးအိမ်စီးကား များတင်သွင်းနေကြောင်းသိရသည်။
“ကားတင်သွင်းခွင့်မှာလုပ်ငန်းသုံးကား လို့ခေါ်တဲ့ကုန်တင်ကားတွေဘဲ တင်သွင်းခွင့်ရကြတာပါ။ တချို့ ကုမ္ပဏီလိုင်စင်နဲ့ကားတင်သွင်းသူ အနည်းငယ်က အိမ်စီးလူစီးကားတွေကိုလုပ်ငန်းသုံးအမည်ခံပြီးအခွင့်ထူးနဲ့တင်သွင်းခွင့်ရနေတယ်။ ကားတွေအများကြီးတော့တင်သွင်းတာမဟုတ်ဘူး။ အစီးရေတော့နည်းပါတယ်။ အစိုးရအရာရှိကြီးတွေနဲ့ပတ်သတ်တဲ့သူတွေဘဲ အဲဒီကားပါမစ်လိုင်စင်ရနေတာပါ"ဟု ကားရောင်း ဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိတွင်ဈေးကွက်အတွင်းသို့ အဆိုပါကားများရောက်ရှိနေပြီး KIA ကုမ္ပဏီထုတ် ကာနေဗယ်ကရတ်အမျိုးအစား (၁၂)ယောက်စီး လူစီးကားအကြီးများဖြစ်ကြောင်းသိရသည်။
နစက သတ်မှတ်ထားသည့်ကားမူဝါဒအရ လုပ်ငန်းသုံးကားများကို မော်ဒယ်အလိုက် ၂ဝ၂၃ မတိုင်မီသက်တမ်းငါးနှစ်အတွင်းရှိသော ကားများကိုသာ တင်သွင်းခွင့်ပေးအပ်ထားခြင်းဖြစ်သည်။
ပြင်ပ တစ်ဦးချင်းတင်သွင်းခွင့်နှင့် အရောင်းပြခန်းအလိုက် တင်သွင်းခွင့် စသဖြင့်သတ်မှတ်ချက် မျိုးစုံရှိနေသော်လည်း အိမ်စီးလူစီးကားတင်သွင်းခွင့်မရှိဘဲ လုပ်ငန်းသုံးအမျိုးအစားကုန်တင်ကားများသာ တင်သွင်းခွင့်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်တွင် စိတ်မနှံသည့်တူမက အသက်(၇၅)နှစ်အရွယ်ဝန်းကျင်ရှိ အဘွားအိုတစ်ဦးအား ရိုက်နှက်မှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း