ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်(၄)ခုမှ PDFအဖွဲ့ဝင် (၇)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု နစကထုတ်ပြန်
Pearl (NP News) - ဇွန် ၆
ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် နှင့် မွန်ပြည်နယ်တို့မှ PDF အဖွဲ့ဝင် (၇)ဦး ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လာကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (ဇွန်လ ၅ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒလမြို့နယ် အပါအဝင် မန္တလေးတိုင်း၊ မြစ်ငယ်မြို့ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့မှ PDF အဖွဲ့ဝင်အမျိုးသား (၇)ဦးတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအား ယမန်နေ့ (ဇွန်လ ၅ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကြိုဆိုလက်ခံခဲ့ပြီး ၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း နစကမှ ဆိုသည်။
ထိုသို့ သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ပြီး လက်နက်/ ခဲယမ်းများအတွက် ဆု ကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နတ်သံကွင်းမြစ်ကူးတံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြစ်ကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း