တောင်ဥက္ကလာပမြို့နယ်ရှိ 9 PLUS KTV ၌မီးလောင်မှုဖြစ်ပွား
Pearl (NP News) - ဇွန် ၅
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ 9 PLUS KTV ၌မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၅ ရက်)၊ နံနက် (၁ဝ)နာရီ (၄ဝ)မိနစ်အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း၊ ၁၄/၁ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါရပ်ကွက်၊ စီမံကိန်းမှတ်တိုင်အနီးရှိ 9 PLUS KTV ၌ ဝါယာကြိုးမှတဆင့် ရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"စီမံကိန်းမှတ်တိုင်နားက 9 PLUS KTV မှာဖြစ်တာ။ ဝါယာရှော့ကနေစပြီး လောင်တာပေါ့နော်။ အထဲမှာ မီးမထိန်းနိုင်သလိုဖြစ်ပြီး လှိုက်လောင်သွားသလိုဖြစ်တာ။ မီးခိုးတွေ တော်တော်များတယ်။ ထိခိုက်ဒဏ် ရာရတဲ့လူတော့ မရှိပါဘူး"ဟု သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မီးလောင်မှုကြောင့် အဆောက်အဦး၏တစ်ဝက်ခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇(B) နှင့် ၁၂ဝ ကြား နှင့် ၆၁ x ၆၂လမ်းနှင့် ၁၁၇ x ၁၁၈ လမ်းကြားတို့တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့လယ်ရှိ အခွန်ဦးစီးမှူးရုံး၏ (၃)လွှာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နိုင်ငံ့ဝန်ထမ်းနှင့်အရပ်သားပြည်သူ (၆)ဦးထက်မနည်း ဒဏ်ရာရ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း