ကျောက်ကြီးမြို့နယ်၌ တံတားအားပြုပြင်နေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NP News) - ဇွန် ၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် တံတားပြုပြင်နေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာအနီးရှိ ကျောက်ကြီး-နတ်သံကွင်းကားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကားလမ်းရှိ မိုင်တိုင်အမှတ် ၁၁ မိုင် ၁ ဖာလုံရှိ တံတားအမှတ်(၁/၁၂)စစ်ပင် တံတားအား ကျောက် ကြီးမြို့နယ်၊ သပြေကုန်းကျေးရွာနေ စောရွှေဘ၊ ကျွဲခြံကျေးရွာနေ စောဂေါ်ရေး နှင့် ကိုနေရဲစိုးတို့သည် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ပေါက်ကွဲမှုကြောင့် ၎င်းတို့ (၃)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန်အတွက် နတ်သံကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းဘက်မှပစ်ခတ်ခဲ့သည့် ကျည်ဆံများ ရုရှားနယ်စပ်ဒေသကို ညလုံးပေါက်ရောက်လာခဲ့ပြီးနောက် ကလေးငယ်များကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း