ကြံခင်းမြို့နယ်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် (၆ဝ)ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး
Pearl (NP News) - ဇွန် ၄
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် (၆ဝ)ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၄ ရက်) ၊ နံနက် (၄)နာရီအချိန်ခန့်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဗိုလ် ချုပ်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းရှိ (၅၅၅) လူနေ/ကုန်စုံဆိုင်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှအနီးရှိ ကုန်ခြောက်ပစ္စည်း များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား ကြံခင်းမြို့နယ်မီးသတ်စခန်း၊ မြန်အောင်မြို့နယ်မီးသတ်စခန်း နှင့် ဘက်ရဲနယ် မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်စက်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီးနောက် (၄၅)မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့မှ ဆိုသည်။
မီးလောင်မှုကြောင့် လူနေ/ကုန်စုံဆိုင်နှင့် ကုန်ခြောက်ပစ္စည်းများ မီးလောင်ပျက်ဆီးသွားခဲ့ပြီး အမျိုး သား(၁)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် ဦးတင်ဝင်း(ခ)ဦးအေးရား အသက် (၆၅)နှစ်ဖြစ်ပြီး လက်ရှိတွင် ၎င်းအားကြံခင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးကို တရုတ် ထဲထဲဝင်ဝင်ပါပြီ၊ မြန်မာလုပ်ငန်းရှင် ၄ဝ ကျော်ရဲ့ ပိုင်ဆိုင်မှု သိန်းပေါင်း သုံးသိန်းကျော်အတွက် အစိုးရက ကူညီသင့်တယ်၊ NUG နဲ့တွေ့မှ " ဆင် " လည်း CDM လုပ်ရရှာပြီ (၃-၆-၂ဝ၂၃)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း