ပြင်ဦးလွင်မြို့၌ လမ်းလျှောက်နေသည့် အသက်(၆ဝ)ကျော်အရွယ်အဘိုးအိုတစ်ဦးအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိမှုဖြစ်ပွား
Pearl (NP News) - ဇွန် ၄
ပြင်ဦးလွင်မြို့၌ လမ်းလျှောက်နေသည့် အသက်(၆ဝ)ကျော်အရွယ်အဘိုးအိုတစ်ဦးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သန္တိသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၃ ရက်)၊ ည(၇)နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ကန်တော်လေးဘောင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် (၂၃)နှစ်အရွယ် အမျိုးသား မောင်းနှင်လာသောဆိုင်ကယ်သည် အခင်းဖြစ်နေရာအနီးတွင် လမ်းလျှောက်နေသော အသက်(၆၄) နှစ်အရွယ် အဘိုးအိုတစ်ဦးအား အရှိန်ဖြင့် ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
"မိသားစုနဲ့အတူ Friday ဆိုင်မှာ ဟင်းမှာထားတုန်း မရသေးတဲ့အချိန်အပြင်ကို လေကောင်းလေသန့်ထွက်ရှူရင်း လမ်းလျှောက်နေတုန်း တိုက်ခံရတာ။ ဆိုင်ကယ်က ပြေးဖို့လုပ်တဲ့အချိန် ဘေးက လူတွေက ဆိုင်ကယ်ကို လှမ်းဆွဲတော့ ဆိုင်ကယ်လည်း လဲသွားတယ်" ဟု သန္တိသုခလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူတွင် ပုခုံး၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ခံရသူ အဘိုးအိုသည် ဦးနှောက်သွေးခဲသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အသီးသီးပို့ဆောင်ပေးထားပြီး ဆိုင်ကယ်တိုက်ခံရသူသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးညှင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် အမျိုးသမီးထံမှ ငွေကျပ်သိန်း(၁၁ဝဝ) တန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း