ရန်ကုန်-ပြည် ကားလမ်း၌ (၁၂)ဘီးကားက (၂၂)ဘီးကားကို ဝင်တိုက်၍ (၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ နံနက်အစောပိုင်းကဖြစ်ပွား
NP News - ဇွန် ၄
ရန်ကုန်-ပြည် ကားလမ်း၌ ယနေ့ (ဇွန်လ ၄ ရက်) နံနက်အစောပိုင်းတွင် (၁၂)ဘီးကားက (၂၂)ဘီးကားကို ဝင်တိုက်၍ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း ၊ မိုင်တိုင်အမှတ် ၁ဝဝ /၁ အနီးတွင် ယနေ့ နံနက် ၆ နာရီခန့်က Hino Profia အဖြူရောင်( ၁၂)ဘီးယာဉ်မှ (၂၂)ဘီးယာဉ်အား ဝင်တိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
ယင်း ဖြစ်စဉ်ကို မင်းလှမြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် Hino Profia အဖြူရောင်( ၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မင်းလှမြို့နယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့်သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိခိုက် ဒဏ်ရာရရှိခဲ့သူများသည် စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
SPIEF စီးပွားရေးဖိုရမ်ကို မိတ်ဆွေမပီသတဲ့နိုင်ငံတွေရဲ့သတင်းအဖွဲ့အစည်းများ တက်ရောက်သတင်းယူခွင့်ပေးမှာမဟုတ်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း