နာရေးအိမ်၌ ကူညီဆောင်ရွက်ပေးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံပြည်သူ(၃)ဦး သေဆုံး
NP News - ဇန်နဝါရီ ၄
ပဲခူးတိုင်းတွင် နာရေးအိမ်၌ ကူညီဆောင်ရွက်ပေးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့အား KNU နှင့် PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဇန်နဝါရီလ(၃)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ် သည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂)ရက်၊ နံနက်(၇)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာအနီးရှိ နာရေးအိမ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ကျောက်ကြီးမြို့မှ ကျောက်ခဲကြီးကျေးရွာသွား ကားလမ်းအနီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် နာရေးအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ပြီး ပြန်လာထွက်လာစဉ် KNU တပ်မဟာ(၃)အဖွဲ့နှင့် PDF များက ၎င်းနေအိမ်၏ အနောက်တောင်ဘက်ရှိ နေအိမ်များမှ အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့သည့်အပြင် ထိ ခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် နာရေးအိမ်တွင် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသည့် အပြစ်မဲ့ဒေသခံပြည်သူ(၃)ဦး သေဆုံးခဲ့ကြောင်း နစကမှ ဆိုထားသည်။ အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်များနှင့် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
NP News - ဇန်နဝါရီ ၎
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီ(၄)ရက်နေ့တွင် နေပြည်တော်ရှိ ဗိုလ်ရှု့ခံရင်ပြင်၌ ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား၏ သတင်းဓာတ်ပုံမြင်ကွင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း