ရခိုင်၌ မိုးရွာနေစဉ် ဖုန်းအားသွင်းရင်း ဂိမ်းဆော့ရာမှ ကျောင်းသားလူငယ်နှစ်ဦးမိုးကြိုးပစ်ခံရပြီး သေဆုံး
NP News - ဇွန် ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် အထက်တန်းကျောင်းသားနှစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှတဆင့်သိရသည်။
သံတွဲခရိုင်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်၌နေထိုင်သည့် (၁၁)တန်းကျောင်းသားတစ်ဦးနှင့် (၈)တန်းကျောင်းသားတစ်ဦးတို့သည် မေလ ၃၁ ရက်၊ နေ့လည် ၁၂ နာရီခန့်က မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။
"ကလေးနှစ်ယောက်က မိုးရွာတဲ့အချိန် ဖုန်းသုံးနေတုန်း မိုးကြိုးပစ်ခံရပြီး သေသွားတာပါ။ ဖုန်းကနေ မိုးကြိုးလျှပ်စစ်ဝင်လာပြီး မိုးကြိုးပစ်ခံရတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကလေးငယ်နှစ်ဦးသည် (၁၁)တန်းကျောင်းသား မောင်မြင့်မြတ်မောင်နှင့် (၈)တန်းကျောင်းသား မောင်လင်းလင်းထွန်းတို့ဖြစ်ပြီး ၎င်းတို့ အစ်ကိုဖြစ်သူ၏ဖုန်းကို ဖုန်းအားသွင်းရင်း အသုံးပြုနေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးကို ယနေ့ (ဇွန်လ ၁ ရက်)၊ နေ့လည်ပိုင်း၌ သင်္ဂြိုလ်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၃ဝ ရက်ကလည်း ကျောက်ဖြူမြို့၌ စက်လှေတစ်စီး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်မိုးကြိုကာလ ဖြစ်သောကြောင့်နေရာကွက်ကြား မိုရွာသွန်းမှုနှင့်မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်မှုများ ဖြစ်ပေါ်နေရာ မတ်လနှင့်မေလအတွင်း မိုးကြိုးအန္တရာယ်ကြောင့် လူသေဆုံးမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
zawgyi version
ရခိုင္၌ မိုး႐ြာေနစဥ္ ဖုန္းအားသြင္းရင္း ဂိမ္းေဆာ့ရာမွ ေက်ာင္းသားလူငယ္ႏွစ္ဦးမိုးႀကိဳးပစ္ခံရၿပီး ေသဆုံး
NP News - ဇြန္ ၁
ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္တြင္ အထက္တန္းေက်ာင္းသားႏွစ္ဦး မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားမွတဆင့္သိရသည္။
သံတြဲခ႐ိုင္၊ ရမ္းၿဗဲၿမိဳ႕နယ္၊ ေလးေတာင္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ နဂါးရပ္၌ေနထိုင္သည့္ (၁၁)တန္းေက်ာင္းသားတစ္ဦးႏွင့္ (၈)တန္းေက်ာင္းသားတစ္ဦးတို႔သည္ ေမလ ၃၁ ရက္၊ ေန႔လည္ ၁၂ နာရီခန႔္က မိုးႀကိဳးပစ္ခံရျခင္းျဖစ္သည္။
"ကေလးႏွစ္ေယာက္က မိုး႐ြာတဲ့အခ်ိန္ ဖုန္းသုံးေနတုန္း မိုးႀကိဳးပစ္ခံရၿပီး ေသသြားတာပါ။ ဖုန္းကေန မိုးႀကိဳးလွ်ပ္စစ္ဝင္လာၿပီး မိုးႀကိဳးပစ္ခံရတာ"ဟု ေဒသခံတစ္ဦးက ေျပာသည္။
အဆိုပါကေလးငယ္ႏွစ္ဦးသည္ (၁၁)တန္းေက်ာင္းသား ေမာင္ျမင့္ျမတ္ေမာင္ႏွင့္ (၈)တန္းေက်ာင္းသား ေမာင္လင္းလင္းထြန္းတို႔ျဖစ္ၿပီး ၎တို႔ အစ္ကိုျဖစ္သူ၏ဖုန္းကို ဖုန္းအားသြင္းရင္း အသုံးျပဳေနစဥ္ မိုးႀကိဳးပစ္ခံရျခင္းျဖစ္ေၾကာင္းသိရသည္။
ေသဆုံးသြားသည့္ ကေလးငယ္ႏွစ္ဦးကို ယေန႔ (ဇြန္လ ၁ ရက္)၊ ေန႔လည္ပိုင္း၌ သၿဂႋဳလ္သြားမည္ျဖစ္ၿပီး ၿပီးခဲ့သည့္ ေမလ ၃ဝ ရက္ကလည္း ေက်ာက္ျဖဴၿမိဳ႕၌ စက္ေလွတစ္စီး မိုးႀကိဳးပစ္ခံရၿပီး အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံတြင္မိုးႀကိဳကာလ ျဖစ္ေသာေၾကာင့္ေနရာကြက္ၾကား မို႐ြာသြန္းမႈႏွင့္မိုးတိမ္ေတာင္မ်ားေၾကာင့္ မိုးႀကိဳးပစ္မႈမ်ား ျဖစ္ေပၚေနရာ မတ္လႏွင့္ေမလအတြင္း မိုးႀကိဳးအႏၲရာယ္ေၾကာင့္ လူေသဆုံးမႈမ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစက်ရုံများမှထွက်ရှိသည့် သံ၊ သံမဏိများကို အနာဂတ်၌ လျှပ်စစ်ရထားဖြင့် သယ်ယူဖြန့်ဖြူးရန် တပ်ချုပ် ဆန္ဒရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း