ရန်ကုန်မှ မြိတ်သို့ ပြေးဆွဲနေသည့် “ရွှေဝယ်သူ” ခရီးသည်မော်တော်ယာဉ် ဓားပြတိုက်လုယက်ခံရ
NP News - ဇန်နဝါရီ ၃
ရန်ကုန်မှ မြိတ်မြို့သို့ ပြေးဆွဲနေသည့် “ရွှေဝယ်သူ” ခရီးသည်မော်တော်ယာဉ် ဓားပြတိုက်လုယက်ခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂)ရက်၊ နံနက်ပိုင်း၌ မော်လမြိုင်- ထားဝယ်ကားလမ်းပေါ်ရှိ ရေးမြို့နယ်၊ ကနင်ကမော့ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“မနက် (၅)နာရီ (၁ဝ)မိနစ်လောက်မှာပေါ့။ ရန်ကုန်ကနေ မြိတ်ကို ပြေးဆွဲပြီး ယာဉ်မောင်းကိုအောင်သူမောင်းနှင်တဲ့ “ရွှေဝယ်သူ” ခရီးသည်တင်မှန်လုံမော်တော် ယာဉ်ကို ရေးမြို့၊ ကနင်ကမော့ရွာအနီးမှာ အင်အား(၁ဝ)ယောက်လောက်ရှိတဲ့ လက်နက်ကိုင်ထားတဲ့လူတစ်စုက ဓားပြတိုက်လုယက်ခဲ့တာ” ဟု ၎င်းက NP News ကိုပြောသည်။
၎င်းတို့က ခရီးသည်တင်ယာဉ်အား တားဆီးပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များထံမှ လက်ဝတ်ရတနာများ အပါအဝင် ပိုက်ဆံများနှင့် မှတ်ပုံတင်များကိုပါ ဓားပြတိုက်လုယက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါခရီးသည်မော်တော်ယာဉ်ပေါ်တွင် ခရီးသည်အယောက်(၃ဝ)ခန့် လိုက်ပါလာကြောင်း သိရသည်။
zawgyi version
ရန္ကုန္မွ ၿမိတ္သို႔ ေျပးဆြဲေနသည့္ “ေ႐ႊဝယ္သူ” ခရီးသည္ေမာ္ေတာ္ယာဥ္ ဓားျပတိုက္လုယက္ခံရ
NP News - ဇန္နဝါရီ ၃
ရန္ကုန္မွ ၿမိတ္ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ “ေ႐ႊဝယ္သူ” ခရီးသည္ေမာ္ေတာ္ယာဥ္ ဓားျပတိုက္လုယက္ခံရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂)ရက္၊ နံနက္ပိုင္း၌ ေမာ္လၿမိဳင္- ထားဝယ္ကားလမ္းေပၚရွိ ေရးၿမိဳ႕နယ္၊ ကနင္ကေမာ့ ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“မနက္ (၅)နာရီ (၁ဝ)မိနစ္ေလာက္မွာေပါ့။ ရန္ကုန္ကေန ၿမိတ္ကို ေျပးဆြဲၿပီး ယာဥ္ေမာင္းကိုေအာင္သူေမာင္းႏွင္တဲ့ “ေ႐ႊဝယ္သူ” ခရီးသည္တင္မွန္လုံေမာ္ေတာ္ ယာဥ္ကို ေရးၿမိဳ႕၊ ကနင္ကေမာ့႐ြာအနီးမွာ အင္အား(၁ဝ)ေယာက္ေလာက္ရွိတဲ့ လက္နက္ကိုင္ထားတဲ့လူတစ္စုက ဓားျပတိုက္လုယက္ခဲ့တာ” ဟု ၎က NP News ကိုေျပာသည္။
၎တို႔က ခရီးသည္တင္ယာဥ္အား တားဆီးၿပီး ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္မ်ားထံမွ လက္ဝတ္ရတနာမ်ား အပါအဝင္ ပိုက္ဆံမ်ားႏွင့္ မွတ္ပုံတင္မ်ားကိုပါ ဓားျပတိုက္လုယက္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။ အဆိုပါခရီးသည္ေမာ္ေတာ္ယာဥ္ေပၚတြင္ ခရီးသည္အေယာက္(၃ဝ)ခန႔္ လိုက္ပါလာေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့နယ်၌ ရထားတစ်စင်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း