ရန်ကုန်မြို့၌ ဒရုန်း၊ ဖောက်ခွဲရေးပစ္စည်း၊ ကျည်ဆံများနှင့်အတူ လူ(၄)ဦးအား ဖမ်းဆီးရမိ
NP News - မေ ၃ဝ
ဒရုန်း၊ ဖောက်ခွဲရေးပစ္စည်း၊ ကျည်ဆံများနှင့်အတူ လူ(၄)ဦးအား ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သောသတင်းအရင်းအမြစ်က NP News ကို ပြောသည်။
ယနေ့(မေလ ၃ဝ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် (၃)လမ်းရှိ လူနေအိမ်တစ်လုံးအား လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေစဉ် DJI အမျိုးအစား ဒရုန်း(၂)စင်း၊ ၁၂ ဗိုကျည် (၂၃ဝ)တောင့်၊ ၉ မမ ကျည်တောင့်(၁ဝဝ)၊ 7.62 စနိုက်ပါ ကျည် (၁၃ဝ)တောင့်၊ အီနာဂါ (၁)လုံး၊ လက်လုပ်မိုင်း(၆)လုံးနှင့်အတူ အမျိုးသား(၃)ဦး၊ အမျိုးသမီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
၎င်းကဲ့သို့ ဖမ်းဆီးရမိခြင်းသည် ပြည်သူများ၏ သတင်းပေးမှုအရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရင်းအမြစ်ကပြောဆိုထားပြီး သတင်းပေးသူအား ဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးရမိခဲ့သော အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။
zawgyi version
NP News - မေ ၃ဝ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ယန်းငွေ (၅ဝဝဝ)ကောက်ခံမည်ဟု ဂျပန်ရှိ မြန်မာသံရုံးကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း