ထိုင်းနိုင်ငံတွင် ဆိုင်ကယ် နှင့် ၂၂ ဘီးကားတစ်စီး တိုက်မိခဲ့ပြီးနောက် မြန်မာအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
ဂျန်ဇက် (NP News) - မေ ၂၈
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး စီးနင်းလာသော ဆိုင်ကယ် တစ်စီးသည် မေလ ၂၇ ရက်က ၂၂ ဘီးကားကို ဝင်တိုက်ခဲ့ရာ မြန်မာအမျိုးသမီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း
ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
အဆိုပါယာဉ်တိုက်မှုသည် ဆာရာဘူရီပြည်နယ် Mueang ဒေသ ကျေးရွာအနီးရှိ Esso ဓါတ်ငွေ့ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၁ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး Mrs. Sin ၏ခန္ဓာကိုယ်နှင့်ဦးခေါင်းတို့သည် ကားဘီးအောက်ရောက်ရှိသွားခဲ့ကြောင်း Mueang ရဲစခန်းမှ ရဲမှူးကြီး Jiradate Kanthasarn ကပြောသည်။ မြန်မာအမျိုးသမီး၏ ဦးခေါင်းသည် ဓါတ်မြေသြဇာများတင်ဆောင်လာသော ကား၏ဘီးအောက်ကိုရောက်ရှိသွားခဲ့ခြင်းကြောင့် ဦးနှောဏ်များ ကားလမ်းပေါ်တွင် ပြန်ကြဲလျက်ရှိနေကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
မြန်မာအမျိုးသမီး စီးလာသော ဟွန်ဒါအမျိုးအစားဆိုင်ကယ်သည် ကားဖြင့်တိုက်မိခဲ့ပြီးနောက် အမျိုးသမီး၏ ခန္ဒာကိုယ်သည် ကားဖြင့် (၁ဝ)မီတာအထိ ချိတ်ပါသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။ ကားမောင်းသမားဖြစ်သော Mr. Mai ဆိုသူက Phra Nakhon Si Ayutthaya ပြည်နယ်မှ ဓါတ်မြေသြဇာများကို ကားဖြင့် တင်ဆောင်ပြီး Udon Thani ပြည်နယ်ကိုသွားရောက်ပို့ဆောင်မည်ဖြစ်ရာ လမ်းတွင် မြန်မာအမျိုးသမီး စီးလာသောဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်းကိုမသိရှိသကဲ့သို့ ကားတွင် မြန်မာအမျိုးသမီးချိတ်ပါလာခြင်းကိုတွေ့ရှိခဲ့ခြင်းမရှိကြောင်း ဝန်ခံထွက်ဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့က သေဆုံးခဲ့သော အမျိုးသမီး၏ အဖြူရောင်ဦးထုတ်ကို စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားကတ်ကိုတွေ့ရှိခဲ့ပြီး ငွေကြေးအချို့ နှင့် နိုင်ငံခြားသားအလုပ်သမားကတ်ကိုလည်းတွေ့ရှိခဲ့ကြောင်းပြောသည်။
zawgyi version
ထိုင္းႏိုင္ငံတြင္ ဆိုင္ကယ္ ႏွင့္ ၂၂ ဘီးကားတစ္စီး တိုက္မိခဲ့ၿပီးေနာက္ ျမန္မာအမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
ဂ်န္ဇက္ (NP News) - ေမ ၂၈
ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနေသာ ျမန္မာအမ်ိဳးသမီး စီးနင္းလာေသာ ဆိုင္ကယ္ တစ္စီးသည္ ေမလ ၂၇ ရက္က ၂၂ ဘီးကားကို ဝင္တိုက္ခဲ့ရာ ျမန္မာအမ်ိဳးသမီး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း
ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။
အဆိုပါယာဥ္တိုက္မႈသည္ ဆာရာဘူရီျပည္နယ္ Mueang ေဒသ ေက်း႐ြာအနီးရွိ Esso ဓါတ္ေငြ႕ဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အသက္ ၄၁ ႏွစ္အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီး Mrs. Sin ၏ခႏၶာကိုယ္ႏွင့္ဦးေခါင္းတို႔သည္ ကားဘီးေအာက္ေရာက္ရွိသြားခဲ့ေၾကာင္း Mueang ရဲစခန္းမွ ရဲမႉးႀကီး Jiradate Kanthasarn ကေျပာသည္။ ျမန္မာအမ်ိဳးသမီး၏ ဦးေခါင္းသည္ ဓါတ္ေျမၾသဇာမ်ားတင္ေဆာင္လာေသာ ကား၏ဘီးေအာက္ကိုေရာက္ရွိသြားခဲ့ျခင္းေၾကာင့္ ဦးေႏွာဏ္မ်ား ကားလမ္းေပၚတြင္ ျပန္ႀကဲလ်က္ရွိေနေၾကာင္း၊ ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။
ျမန္မာအမ်ိဳးသမီး စီးလာေသာ ဟြန္ဒါအမ်ိဳးအစားဆိုင္ကယ္သည္ ကားျဖင့္တိုက္မိခဲ့ၿပီးေနာက္ အမ်ိဳးသမီး၏ ခႏၵာကိုယ္သည္ ကားျဖင့္ (၁ဝ)မီတာအထိ ခ်ိတ္ပါသြားခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားကေျပာသည္။ ကားေမာင္းသမားျဖစ္ေသာ Mr. Mai ဆိုသူက Phra Nakhon Si Ayutthaya ျပည္နယ္မွ ဓါတ္ေျမၾသဇာမ်ားကို ကားျဖင့္ တင္ေဆာင္ၿပီး Udon Thani ျပည္နယ္ကိုသြားေရာက္ပို႔ေဆာင္မည္ျဖစ္ရာ လမ္းတြင္ ျမန္မာအမ်ိဳးသမီး စီးလာေသာဆိုင္ကယ္ႏွင့္ တိုက္မိခဲ့ျခင္းကိုမသိရွိသကဲ့သို႔ ကားတြင္ ျမန္မာအမ်ိဳးသမီးခ်ိတ္ပါလာျခင္းကိုေတြ႕ရွိခဲ့ျခင္းမရွိေၾကာင္း ဝန္ခံထြက္ဆိုထားသည္။
ထိုင္းရဲတပ္ဖြဲ႕က ေသဆုံးခဲ့ေသာ အမ်ိဳးသမီး၏ အျဖဴေရာင္ဦးထုတ္ကို စစ္ေဆးခဲ့ရာ ျမန္မာႏိုင္ငံသားကတ္ကိုေတြ႕ရွိခဲ့ၿပီး ေငြေၾကးအခ်ိဳ႕ ႏွင့္ ႏိုင္ငံျခားသားအလုပ္သမားကတ္ကိုလည္းေတြ႕ရွိခဲ့ေၾကာင္းေျပာသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ဓာတ်အားရရှိရေးကို စီမံချက်(၃)မျိုးဖြင့် ရဲရဲတင်းတင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း