သထုံမြို့နယ်၌ ကုန်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံး
NP News - မေ ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း၌ ကုန်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၆ ရက်)၊ ည ၉ နာရီအချိန်တွင် သထုံမြို့နယ်ရှိ မိုးကောင်းကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကိုပြောသည်။
“မိုင်းဆွဲခံရတာ ဟုတ်ပါတယ်။ ကားလည်း တော်တော်လေးပျက်စီးသွားပါတယ်။ အမျိုးသားတစ်ဦးကတော့ ဆုံးသွားတယ်။ နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” ဟု အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်။
ဒေါင်ဖန်းအမျိုးအစား အပြာရောင်ကုန်တင်ယာဉ်တစ်စီးသည် နေ့လည် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ ထွက်ခွာလာခဲ့ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မိုးကောင်းကျေးရွာအနီးရောက်ရှိစဉ် ည ၉ နာရီအချိန်၌ အကြမ်းဖက်သမားများက ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
ထိုသို့ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် အသက်(၂၂)နှစ်အရွယ်ရှိ ယာဉ်နောက်လိုက်ဖြစ်သူသည် ဦးခေါင်းနှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အသက်(၃ဝ)အရွယ်ရှိ ယာဉ်မောင်းဖြစ်သူမှာလည်း ဦးခေါင်း၌ မိုင်းစထိမှန် ဒဏ်များရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိကြောင်းနှင့် ယာဉ်မောင်း၏ဇနီးဖြစ်သူတွင်လည်း မိုင်းစများ ထိမှန်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကုန်တင်ယာဉ်၏ ခေါင်းပိုင်းတွင်လည်း မိုင်းစများထိမှန်ကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိုင်းဆွဲတိုက်ခိုက်မှုခံရသည့်ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
သထုံၿမိဳ႕နယ္၌ ကုန္တင္ကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရကာ ယာဥ္ေနာက္လိုက္တစ္ဦး ေသဆုံး
NP News - ေမ ၂၇
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္း၌ ကုန္တင္ကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရကာ ယာဥ္ေနာက္လိုက္တစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၆ ရက္)၊ ည ၉ နာရီအခ်ိန္တြင္ သထုံၿမိဳ႕နယ္ရွိ မိုးေကာင္းေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကိုေျပာသည္။
“မိုင္းဆြဲခံရတာ ဟုတ္ပါတယ္။ ကားလည္း ေတာ္ေတာ္ေလးပ်က္စီးသြားပါတယ္။ အမ်ိဳးသားတစ္ဦးကေတာ့ ဆုံးသြားတယ္။ ေနာက္ထပ္ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကေတာ့ ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့ပါတယ္” ဟု အစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က ေျပာသည္။
ေဒါင္ဖန္းအမ်ိဳးအစား အျပာေရာင္ကုန္တင္ယာဥ္တစ္စီးသည္ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ ထြက္ခြာလာခဲ့ၿပီး မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ရွိ မိုးေကာင္းေက်း႐ြာအနီးေရာက္ရွိစဥ္ ည ၉ နာရီအခ်ိန္၌ အၾကမ္းဖက္သမားမ်ားက ရီမုမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
ထိုသို႔ေဖာက္ခြဲတိုက္ခိုက္ခံရမႈေၾကာင့္ အသက္(၂၂)ႏွစ္အ႐ြယ္ရွိ ယာဥ္ေနာက္လိုက္ျဖစ္သူသည္ ဦးေခါင္းႏွင့္ ေျခေထာက္တို႔၌ မိုင္းစထိမွန္ကာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အသက္(၃ဝ)အ႐ြယ္ရွိ ယာဥ္ေမာင္းျဖစ္သူမွာလည္း ဦးေခါင္း၌ မိုင္းစထိမွန္ ဒဏ္မ်ားရရွိခဲ့ကာ အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနရွိေၾကာင္းႏွင့္ ယာဥ္ေမာင္း၏ဇနီးျဖစ္သူတြင္လည္း မိုင္းစမ်ား ထိမွန္ခဲ့ေၾကာင္း သိရသည္။
အၾကမ္းဖက္အဖြဲ႕၏ မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ ကုန္တင္ယာဥ္၏ ေခါင္းပိုင္းတြင္လည္း မိုင္းစမ်ားထိမွန္ကာ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မိုင္းဆြဲတိုက္ခိုက္မႈခံရသည့္ျဖစ္စဥ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းအမှုပေါင်း (၆ဝဝ)ကျော် ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း