မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လယ်ယာလုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှုကို စာရင်းမှန်အမြန်ဆုံးကောက်ယူမည်
ယွန်း (NP News) - မေ ၁၈
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လယ်ယာလုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှုကို မြေပြင်စာရင်းမှန်အမြန်ဆုံးကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မေလ(၁၇)ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော ညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လယ်ယာကဏ္ဍလုပ်ငန်းများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှု မြေပြင်စာရင်းမှန်ကို အမြန်ဆုံးကောက်ယူရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားခဲ့သည်။
ထိုသို့ ကောက်ယူပြီးနောက် အဆိုပါ မုန်တိုင်းသင့်ဒေသများ၌ မိုးသီးနှံစိုက်ပျိုးရာတွင် လိုအပ်မည့် မျိုးစေ့များကို ဖြည့်ဆည်းရန် အခြားတိုင်းဒေသကြီးများရှိ ပုဂ္ဂလိက မျိုးစေ့ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးသီးနှံပျက်စီးမှုပမာဏ အနည်းငယ်သာရှိနိုင်သော်လည်း မိုးရာသီစိုက်ပျိုးမည့် သီးနှံမျိုးစေ့များ ပျက်စီးမှုရှိနိုင်သဖြင့် လိုအပ်သည့် မျိုးစေ့များကို အချိန်မီဖြန့်ဖြူးပေးရန် ၎င်းမှဆိုထားသည်။
ထို့ပြင် စက်မှုလယ်ယာစခန်းများရှိ စက်ယန္တရားများ စွမ်းအားပြည့် အသုံးပြုနိုင်ရေးနှင့် လိုအပ်ချက်များကို ကူညီပေးနိုင်ရန် စက်မှုလယ်ယာ ဦးစီးဌာန ရုံးချုပ်မှ ကျွမ်းကျင်သူများကို စေလွှတ်ရန် စီစဥ်လျက်ရှိကြောင်း သိရသည်။
အလားတူ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အဆာက်အအုံများကို ဦးစားပေးအလိုက်ပြုပြင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ရွိ လယ္ယာလုပ္ငန္းမ်ား၏ ပ်က္စီးဆုံးရႈံးမႈကို စာရင္းမွန္အျမန္ဆုံးေကာက္ယူမည္
ယြန္း (NP News) - ေမ ၁၈
မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ရွိ လယ္ယာလုပ္ငန္းမ်ား၏ ပ်က္စီးဆုံးရႈံးမႈကို ေျမျပင္စာရင္းမွန္အျမန္ဆုံးေကာက္ယူသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ေမလ(၁၇)ရက္တြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပခဲ့ေသာ ညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္အတြင္းရွိ လယ္ယာက႑လုပ္ငန္းမ်ား၏ ထိခိုက္ပ်က္စီးဆုံးရႈံးမႈ ေျမျပင္စာရင္းမွန္ကို အျမန္ဆုံးေကာက္ယူရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုထားခဲ့သည္။
ထိုသို႔ ေကာက္ယူၿပီးေနာက္ အဆိုပါ မုန္တိုင္းသင့္ေဒသမ်ား၌ မိုးသီးႏွံစိုက္ပ်ိဳးရာတြင္ လိုအပ္မည့္ မ်ိဳးေစ့မ်ားကို ျဖည့္ဆည္းရန္ အျခားတိုင္းေဒသႀကီးမ်ားရွိ ပုဂၢလိက မ်ိဳးေစ့ထုတ္ကုန္လုပ္ငန္းရွင္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
လက္ရွိတြင္ မုန္တိုင္းဒဏ္ေၾကာင့္ စိုက္ပ်ိဳးသီးႏွံပ်က္စီးမႈပမာဏ အနည္းငယ္သာရွိႏိုင္ေသာ္လည္း မိုးရာသီစိုက္ပ်ိဳးမည့္ သီးႏွံမ်ိဳးေစ့မ်ား ပ်က္စီးမႈရွိႏိုင္သျဖင့္ လိုအပ္သည့္ မ်ိဳးေစ့မ်ားကို အခ်ိန္မီျဖန႔္ျဖဴးေပးရန္ ၎မွဆိုထားသည္။
ထို႔ျပင္ စက္မႈလယ္ယာစခန္းမ်ားရွိ စက္ယႏၲရားမ်ား စြမ္းအားျပည့္ အသုံးျပဳႏိုင္ေရးႏွင့္ လိုအပ္ခ်က္မ်ားကို ကူညီေပးႏိုင္ရန္ စက္မႈလယ္ယာ ဦးစီးဌာန ႐ုံးခ်ဳပ္မွ ကြၽမ္းက်င္သူမ်ားကို ေစလႊတ္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ မိုခါမုန္တိုင္းေၾကာင့္ ပ်က္စီးခဲ့ေသာ အဆာက္အအုံမ်ားကို ဦးစားေပးအလိုက္ျပဳျပင္ေရးကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့အား ပြည်သူများအေးချမ်းလုံခြုံပြီး တရားဥပဒေစိုးမိုးရေးရှိသည့် Safe City ဖြစ်အောင်ဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း