တာချီလိတ်မြို့၌ ငွေကျပ်(၁ ဒသမ ၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များဖမ်းဆီးရမိ
NP News - မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်(၁ ဒသမ ၁) ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့(မေလ ၁၆ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ(၁၁)ရက် ည(၇)နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံ(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တွင် ဆိုင်ကယ်(၃)စီး မောင်းနှင်လာသော အိုက်ရီ၊ အိုက်ရီဖောင်း၊ အိုက်စိုင်း၊ ဇင်မိုးခန့် နှင့် နိုင်လင်းအောင်တို့ (၅) ဦးအား ရှာဖွေခဲ့ရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး (၄ ဒသမ ၅) ကီလိုကို သိမ်ဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် သတင်းကွင်းဆက်အရ မေလ(၁၂)ရက်၊ ည(၇)နာရီအချိန်တွင် တာချီလိတ်မြို့ ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းလုံတစ် မောင်းနှင်လာသည့် TOYOTA CROWN ယာဉ်ကို ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် စိတ်ပြောင်းဆေးဝါး (၅ ဒသမ ၄၉)ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည(၉)နာရီအချိန်တွင် အထက်ပါရပ်ကွက်ရှိ စိုင်းလုံတစ်နေထိုင်သည့် နေအိမ်တွင် စိတ်ပြောင်းဆေးဝါး (၁၃၆)ဂရမ်ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစု ပေါင်း ငွေကျပ် (၁ ဒသမ ၁)ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(၁ဝ ဒသမ ၁၂၆)ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕၌ ေငြက်ပ္(၁ ဒသမ ၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး (Happy Water) မ်ားဖမ္းဆီးရမိ
NP News - ေမ ၁၇
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္(၁ ဒသမ ၁) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး (Happy Water)မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားမွ ယမန္ေန႔(ေမလ ၁၆ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေမလ(၁၁)ရက္ ည(၇)နာရီအခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး တပ္ဖြဲ႕ဝင္မ်ားသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ပါလွ်ံ(၃)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္း တြင္ ဆိုင္ကယ္(၃)စီး ေမာင္းႏွင္လာေသာ အိုက္ရီ၊ အိုက္ရီေဖာင္း၊ အိုက္စိုင္း၊ ဇင္မိုးခန႔္ ႏွင့္ ႏိုင္လင္းေအာင္တို႔ (၅) ဦးအား ရွာေဖြခဲ့ရာ ၎တို႔ထံမွ စိတ္ေျပာင္းေဆးဝါး (၄ ဒသမ ၅) ကီလိုကို သိမ္ဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ သတင္းကြင္းဆက္အရ ေမလ(၁၂)ရက္၊ ည(၇)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ စိုင္းလုံတစ္ ေမာင္းႏွင္လာသည့္ TOYOTA CROWN ယာဥ္ကို ရွာေဖြခဲ့ရာ ယာဥ္ေပၚတြင္ စိတ္ေျပာင္းေဆးဝါး (၅ ဒသမ ၄၉)ကီလိုကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ည(၉)နာရီအခ်ိန္တြင္ အထက္ပါရပ္ကြက္ရွိ စိုင္းလုံတစ္ေနထိုင္သည့္ ေနအိမ္တြင္ စိတ္ေျပာင္းေဆးဝါး (၁၃၆)ဂရမ္ကို ထပ္မံသိမ္းဆည္းရမိခဲ့သျဖင့္ စုစု ေပါင္း ေငြက်ပ္ (၁ ဒသမ ၁)ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး(၁ဝ ဒသမ ၁၂၆)ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ေၾကာင့္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုယ်အလေးချိန်ထိန်းဖို့အတွက် သကြားမပါတဲ့ အချိုတုများ မစားသုံးကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း