ကွန်ဂရစ်လောင်းထားသည့် ရေလှောင်ကန်အတွင်း လူဆင်းကယ်ရာမှ အောက်စီဂျင်ပြတ်လပ်မှုကြောင့် အမျိုးသား(၁)ဦး သေဆုံး
NP News - မေ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ် ၂၃ လမ်း၊ အလုပ်ဆိုက်တစ်ခုတွင် ကွန်ဂရစ်လောင်းထားသည့် ရေလှောင်ကန်အတွင်း လူဆင်းကယ်ရာမှ အောက်စီဂျင်ပြတ်လပ်မှုကြောင့် အမျိုးသား(၁)ဦး သေဆုံး သွားခဲ့ ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့ (မေလ ၁၇ ရက်)၊ နံနက် ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက ကွန်ဂရစ်ရေလှောင်ကန်သို့ ဆင်းချိန်တွင် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"အဲဒီရေလှောင်ကန်က ကွန်ဂရစ်လောင်းထားတာကို ဘုတ်ပြားတွေဆင်းဖြုတ်တဲ့တစ်ယောက်က အောက်စီဂျင်ပြတ်လပ်နေလို့ နောက်တစ်ယောက်က ဆင်းကယ်တာပါ။ ဆင်းကယ်ပေးတဲ့တစ်ယောက်က သေဆုံးသွားရတာပါ။ ရေကန်ကမနက်ပါဘူး။ ၅ ပေကျော် ၆ ပေလေးပဲရှိတာပါ ။ အဖုန်းဖွင့်ပြီးချက် ချင်းဆင်းလို့ဖြစ်တာပါ"လို့ ဦးသိန်းထွန်းအောင်(နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့)က NP News သို့ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကယ်ဆယ်ခဲ့ပြီး အောက်စီဂျင်ပြတ်ပြီး သတိလစ်နေသူနှစ်ဦးကို CPR ပြုစုခြင်းနှင့် အောက်စီဂျင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းမှဆက်လက်ပြောသည်။
ယင်းနောက် မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့သော်လည်း သတိလစ်နေသူအား ဆင်းကယ်ခဲ့သည် အသက်(၃၅)နှစ်အရွယ်အမျိုးသားသည် သေဆုံးသွားခဲ့ရကြောင်းသိရသည်။
zawgyi version
ကြန္ဂရစ္ေလာင္းထားသည့္ ေရေလွာင္ကန္အတြင္း လူဆင္းကယ္ရာမွ ေအာက္စီဂ်င္ျပတ္လပ္မႈေၾကာင့္ အမ်ိဳးသား(၁)ဦး ေသဆုံး
NP News - ေမ ၁၇
မႏၲေလးတိုင္းေဒသႀကီး ၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ၂၃ လမ္း၊ အလုပ္ဆိုက္တစ္ခုတြင္ ကြန္ဂရစ္ေလာင္းထားသည့္ ေရေလွာင္ကန္အတြင္း လူဆင္းကယ္ရာမွ ေအာက္စီဂ်င္ျပတ္လပ္မႈေၾကာင့္ အမ်ိဳးသား(၁)ဦး ေသဆုံး သြားခဲ့ ေၾကာင္း နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
အဆိုပါျဖစ္စဥ္သည္ ယေန႔ (ေမလ ၁၇ ရက္)၊ နံနက္ ၉ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္းက ကြန္ဂရစ္ေရေလွာင္ကန္သို႔ ဆင္းခ်ိန္တြင္ ေအာက္စီဂ်င္ျပတ္လပ္၍ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
"အဲဒီေရေလွာင္ကန္က ကြန္ဂရစ္ေလာင္းထားတာကို ဘုတ္ျပားေတြဆင္းျဖဳတ္တဲ့တစ္ေယာက္က ေအာက္စီဂ်င္ျပတ္လပ္ေနလို႔ ေနာက္တစ္ေယာက္က ဆင္းကယ္တာပါ။ ဆင္းကယ္ေပးတဲ့တစ္ေယာက္က ေသဆုံးသြားရတာပါ။ ေရကန္ကမနက္ပါဘူး။ ၅ ေပေက်ာ္ ၆ ေပေလးပဲရွိတာပါ ။ အဖုန္းဖြင့္ၿပီးခ်က္ ခ်င္းဆင္းလို႔ျဖစ္တာပါ"လို႔ ဦးသိန္းထြန္းေအာင္(နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕)က NP News သို႔ေျပာသည္။
အခင္းျဖစ္ပြားရာေနရာသို႔ နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕မွ သြားေရာက္ကယ္ဆယ္ခဲ့ၿပီး ေအာက္စီဂ်င္ျပတ္ၿပီး သတိလစ္ေနသူႏွစ္ဦးကို CPR ျပဳစုျခင္းႏွင့္ ေအာက္စီဂ်င္ေပးျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း ၎မွဆက္လက္ေျပာသည္။
ယင္းေနာက္ မႏၲေလးေဆး႐ုံႀကီးကို ပို႔ေဆာင္ခဲ့ေသာ္လည္း သတိလစ္ေနသူအား ဆင္းကယ္ခဲ့သည္ အသက္(၃၅)ႏွစ္အ႐ြယ္အမ်ိဳးသားသည္ ေသဆုံးသြားခဲ့ရေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်ရှိ သဘာဝဘေးခံစားနေရသူများကို ကူညီရန် YESC မှ လျှပ်စစ်ဝန်ထမ်း(၁ဝဝ) ကျော်စေလွှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း