ရခိုင်၌ အခြေခံစားကုန်နှင့်ကုန်ပစ္စည်းများကို ကုန်သည်များအနေဖြင့် အဆမတန်ဈေးနှုန်းမြှင့်တင်ခြင်း မလုပ်ရန် ULA/AA ဥက္ကဋ္ဌ သတိပေး
မျိုးကြီး (NP News) - မေ ၁၆
ရခိုင်ပြည်နယ်၌ အခြေခံစားကုန်နှင့်အခြားကုန်ပစ္စည်းများကို ကုန်သည်များအနေဖြင့် အဆမတန် ဈေး နှုန်းမြှင့်တင်ခြင်း မပြုလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားသည်။
ULA ဥက္ကဋ္ဌက ယနေ့(မေလ ၁၆ ရက်)တွင် မုန်တိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပြောဆိုရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းသတိပေးခဲ့ခြင်းဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ရခိုင်ပြည်နယ်အနှံ့အပြား၌ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းဖြတ်သန်းခဲ့သော လမ်းကြောင်းရှိ မြို့ရွာ၊ အိုးအိမ်၊ အဆောက်အအုံများ၏ ပျက်စီးဆုံးရှုံးမှုသည် ၉ဝ ရာခိုင် နှုန်းခန့်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် အမိုးအကာ၊ သန့်ရှင်းသည့်သောက်သုံးရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို အရေးတကြီးလိုအပ်နေကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ထို့ပြင် ၎င်းက ပြည်သူများအခက်အခဲကြုံတွေ့နေရသည့်ကာလကို အခွင့်ကောင်းယူကာ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းများကို ဈေးအဆမတန်မြှင့်တင်ခြင်း မပြုလုပ်ရန် သတိပေးထားသည်။
“အခြေခံစားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည်တွေအနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲကြုံနေတဲ့ ကာလတွေကို အခွင့်အရေးယူပြီး အဆမတန် ဈေးနှုန်းမြှင့်တင်ခြင်း မလုပ်ကြဖို့ သတိပေးပြောကြားလိုပါတယ်”ဟု ULA ဥက္ကဋ္ဌက ပြောဆိုထားသည်။
နိုင်ငံတော်အာဏာရယူထားသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ဘေးဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်သို့ သွားရောက်ကာ လိုအပ်သည့် ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ကြည့်ရှုခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းဒဏ်ခံခဲ့ကြရသည့် ရခိုင်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များ စုပေါင်းထားသည့် ငွေကျပ်(၁၃)ဘီလျံကျော်အနက်မှ (၇)ဘီလျံကို နစကဥက္ကဋ္ဌက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူလူထုအတွက် ဆန်အိတ်များ၊ စားသောက်ကုန်များ၊ အမိုးအကာများကိုလည်း တပ်မတော်လေယာဉ်များအပါအဝင် တပ်မတော်ရေယာဉ်များဖြင့်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
zawgyi version
ရခိုင္၌ အေျခခံစားကုန္ႏွင့္ကုန္ပစၥည္းမ်ားကို ကုန္သည္မ်ားအေနျဖင့္ အဆမတန္ေဈးႏႈန္းျမႇင့္တင္ျခင္း မလုပ္ရန္ ULA/AA ဥကၠ႒ သတိေပး
မ်ိဳးႀကီး (NP News) - ေမ ၁၆
ရခိုင္ျပည္နယ္၌ အေျခခံစားကုန္ႏွင့္အျခားကုန္ပစၥည္းမ်ားကို ကုန္သည္မ်ားအေနျဖင့္ အဆမတန္ ေဈး ႏႈန္းျမႇင့္တင္ျခင္း မျပဳလုပ္ရန္ ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ ULA/AA ဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က သတိေပးထားသည္။
ULA ဥကၠ႒က ယေန႔(ေမလ ၁၆ ရက္)တြင္ မုန္တိုင္းအေရးေပၚကယ္ဆယ္ေရးႏွင့္ပတ္သက္၍ ေျပာဆိုရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းသတိေပးခဲ့ျခင္းျဖစ္သည္။
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ရခိုင္ျပည္နယ္အႏွံ႔အျပား၌ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ၿပီး မုန္တိုင္းျဖတ္သန္းခဲ့ေသာ လမ္းေၾကာင္းရွိ ၿမိဳ႕႐ြာ၊ အိုးအိမ္၊ အေဆာက္အအုံမ်ား၏ ပ်က္စီးဆုံးရႈံးမႈသည္ ၉ဝ ရာခိုင္ ႏႈန္းခန႔္ရွိေၾကာင္း ၎က ဆိုသည္။
လက္ရွိအခ်ိန္တြင္ ျပည္သူမ်ားအေနျဖင့္ အမိုးအကာ၊ သန႔္ရွင္းသည့္ေသာက္သုံးေရး၊ စားနပ္ရိကၡာႏွင့္ ေဆးဝါးမ်ားကို အေရးတႀကီးလိုအပ္ေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ဆိုသည္။
ထို႔ျပင္ ၎က ျပည္သူမ်ားအခက္အခဲႀကဳံေတြ႕ေနရသည့္ကာလကို အခြင့္ေကာင္းယူကာ ကုန္သည္မ်ားအေနျဖင့္ ကုန္ပစၥည္းမ်ားကို ေဈးအဆမတန္ျမႇင့္တင္ျခင္း မျပဳလုပ္ရန္ သတိေပးထားသည္။
“အေျခခံစားကုန္နဲ႔ အျခားကုန္ပစၥည္းေတြကို ေရာင္းဝယ္ေဖာက္ကားေနတဲ့ ကုန္သည္ေတြအေနနဲ႔ အခုလို ျပည္သူေတြ အခက္အခဲႀကဳံေနတဲ့ ကာလေတြကို အခြင့္အေရးယူၿပီး အဆမတန္ ေဈးႏႈန္းျမႇင့္တင္ျခင္း မလုပ္ၾကဖို႔ သတိေပးေျပာၾကားလိုပါတယ္”ဟု ULA ဥကၠ႒က ေျပာဆိုထားသည္။
ႏိုင္ငံေတာ္အာဏာရယူထားသည့္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယမန္ေန႔က ဆိုင္ကလုန္းမုန္တိုင္း (မိုခါ)ေဘးဒဏ္ခံခဲ့ရေသာ ရခိုင္ျပည္နယ္သို႔ သြားေရာက္ကာ လိုအပ္သည့္ ကူညီကယ္ ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးရန္ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ခဲ့သည္။
မုန္တိုင္းဒဏ္ခံခဲ့ၾကရသည့္ ရခိုင္ျပည္သူမ်ားအတြက္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ အလႉရွင္မ်ား စုေပါင္းထားသည့္ ေငြက်ပ္(၁၃)ဘီလ်ံေက်ာ္အနက္မွ (၇)ဘီလ်ံကို နစကဥကၠ႒က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံသို႔ ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မုန္တိုင္းေဘးသင့္ ရခိုင္ျပည္သူလူထုအတြက္ ဆန္အိတ္မ်ား၊ စားေသာက္ကုန္မ်ား၊ အမိုးအကာမ်ားကိုလည္း တပ္မေတာ္ေလယာဥ္မ်ားအပါအဝင္ တပ္မေတာ္ေရယာဥ္မ်ားျဖင့္ပါ ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သွပ်အချပ်ရေ(၄ဝဝဝဝ)၊ ဆန်တန်ချိန် (၇ဝဝ)ကျော် နှင့် စားနပ်ရိက္ခာများ တင်ဆောင်ထားသည့် စစ်ရေယာဉ်(၂)စင်း ရခိုင်သို့ထွက်ခွာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း