သင်္ဃန်းကျွန်းမြို့နယ်ရှိ ရေခဲသေတ္တာပြုပြင်သည့်ဆိုင်တွင် ကွန်ပရက်ဆာလေအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NP News) - မေ ၁၆
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရေခဲသေတ္တာပြုပြင်သည့်ဆိုင်၌ ကွန်ပရက်ဆာလေအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာပြင်ထန်စွာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၁၅ ရက်)၊ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ ဇောတိကအိမ်ရာအနီးတွင်ဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်း (ရန်ကုန်)မှ သိရသည်။
“အသေးစားလုပ်ငန်းပါ။ ရေခဲသေတ္တာတို့၊ Aircon ပြင်တဲ့ဆိုင်ပါ။ ခဲအိုးကြွပြီး ပေါက်ကွဲသွားတာမျိုး၊ ကွန်ပရက်ဆာ လေအိုးကွဲတာမျိုးပါ။ အမျိုးသားနှစ်ဦးမှာ တစ်ဦးက ပိုင်ရှင်၊ နောက်တစ်ဦးက ဝန်ထမ်းပါ။ ပိုင်ရှင်က စိုးရိမ်ရအနေအထားနဲ့ရင်ဆိုင်ရလို့ မနေ့ကရောက်ရောက်ချင်း ခွဲခန်းဝင်ထားရတယ်”ဟု Medical လူငယ်များလူမှုကူညီရေးအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးအနက် တစ်ဦးတွင် စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းမှဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးသည် အသက်(၆ဝ)အရွယ်ဝန်းကျင်ရှိ ပိုင်ရှင်အမျိုးသားနှင့် အသက်(၃ဝ)ဝန်း ကျင်အရွယ်ရှိ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။
zawgyi version
သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေရခဲေသတၱာျပဳျပင္သည့္ဆိုင္တြင္ ကြန္ပရက္ဆာေလအိုး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၁၆
ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေရခဲေသတၱာျပဳျပင္သည့္ဆိုင္၌ ကြန္ပရက္ဆာေလအိုး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာျပင္ထန္စြာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၁၅ ရက္)၊ မြန္းလြဲ(၁)နာရီဝန္းက်င္အခ်ိန္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဇဝနရပ္ကြက္၊ ေဇာတိကအိမ္ရာအနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း Medical လူငယ္မ်ားလူမႈကူညီေရးအသင္း (ရန္ကုန္)မွ သိရသည္။
“အေသးစားလုပ္ငန္းပါ။ ေရခဲေသတၱာတို႔၊ Aircon ျပင္တဲ့ဆိုင္ပါ။ ခဲအိုးႂကြၿပီး ေပါက္ကြဲသြားတာမ်ိဳး၊ ကြန္ပရက္ဆာ ေလအိုးကြဲတာမ်ိဳးပါ။ အမ်ိဳးသားႏွစ္ဦးမွာ တစ္ဦးက ပိုင္ရွင္၊ ေနာက္တစ္ဦးက ဝန္ထမ္းပါ။ ပိုင္ရွင္က စိုးရိမ္ရအေနအထားနဲ႔ရင္ဆိုင္ရလို႔ မေန႔ကေရာက္ေရာက္ခ်င္း ခြဲခန္းဝင္ထားရတယ္”ဟု Medical လူငယ္မ်ားလူမႈကူညီေရးအသင္း(ရန္ကုန္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားႏွစ္ဦးအနက္ တစ္ဦးတြင္ စိုးရိမ္ရဒဏ္ရာရရွိခဲ့ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ၎မွဆိုသည္။
ထိခိုက္ဒဏ္ရာရရွိသူႏွစ္ဦးသည္ အသက္(၆ဝ)အ႐ြယ္ဝန္းက်င္ရွိ ပိုင္ရွင္အမ်ိဳးသားႏွင့္ အသက္(၃ဝ)ဝန္း က်င္အ႐ြယ္ရွိ ဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ရင်ပြင်ရှေ့တွင် YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း