စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးလုပ်နေစဉ် အုတ်နံရံပြိုကျခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်(၃)ဦး သေဆုံး
စော (NP News) - မေ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်နေစဉ် အုတ်နံရံပြိုကျခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်(၃)ဦး သေဆုံးသွားကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
နစကမှ ယနေ့(မေလ ၁၆ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လမ်းမီးတိုင်များလဲကျခြင်း အပါအဝင် သစ်ပင်နှင့် သစ်ကိုင်းများ လဲကျခြင်းတို့ကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းများက ကယ်ဆယ်ရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးနေစဉ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့် (မေလ ၁၄ ရက်)၌ အုတ်နံရံပြိုလဲခြင်းကြောင့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် တပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
စစ္ေတြၿမိဳ႕၌ ကူညီကယ္ဆယ္ေရးလုပ္ေနစဥ္ အုတ္နံရံၿပိဳက်ခဲ့သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္(၃)ဦး ေသဆုံး
ေစာ (NP News) - ေမ ၁၆
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ကူညီကယ္ဆယ္ေရးလုပ္ေနစဥ္ အုတ္နံရံၿပိဳက်ခဲ့သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္(၃)ဦး ေသဆုံးသြားေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။
နစကမွ ယေန႔(ေမလ ၁၆ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။
အလြန႔္အလြန္အားေကာင္းေသာ မိုခါဆိုင္ကလုန္းမုန္တိုင္းအရွိန္ေၾကာင့္ ဒီေရတက္ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကီးျခင္း၊ ေျမၿပိဳျခင္း၊ ကမ္းပါးၿပိဳျခင္းႏွင့္ ႐ုတ္တရက္ေရႀကီးျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လမ္းမီးတိုင္မ်ားလဲက်ျခင္း အပါအဝင္ သစ္ပင္ႏွင့္ သစ္ကိုင္းမ်ား လဲက်ျခင္းတို႔ေၾကာင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ပရဟိတအသင္းမ်ားက ကယ္ဆယ္ေရးမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔သို႔ေဆာင္႐ြက္ေပးေနစဥ္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ၿပီးခဲ့သည့္ (ေမလ ၁၄ ရက္)၌ အုတ္နံရံၿပိဳလဲျခင္းေၾကာင့္ နယ္ေျမခံတပ္မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အရာရွိတစ္ဦးႏွင့္ တပ္သားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလှူငွေကျပ်(၁၃)ဘီလျံမှ (၇)ဘီလျံကို ရခိုင်၌ ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ပေးအပ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း