Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်း- မြန်မာနယ်စပ်ဒေသရှိ နေအိမ်တစ်ခုကို စီးနင်းချိန်အတွင်း သေနတ်အလက်ပေါင်း (၁ဝဝ)ကျော်နှင့် ကျည်ဆံများဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ပြော

ဂျန်ဇက် (NP News) - မေ ၁ဝ

ထိုင်းနိုင်ငံချင်းရိုင် ဒေသရဲတပ်ဖွဲ့ နှင့် စစ်သားများသည် ထိုင်း နှင့် မြန်မာနယ်စပ်အနီးရှိ အိမ်တစ်အိမ်ကို မေလ ၉ ရက်က စီးနင်းရှာဖွေခဲ့ရာ သေနတ် အတို၊ အရှည် စုစုပေါင်း (၁ဝဝ)ကျော် နှင့်ကျည်ဆံများကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ချင်းရိုင်ပြည်နယ် မဲဆိုင်ဒေသ Koh Chang ရဲစခန်းသည် လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် ထိုင်းရွေးကောက်ပွဲမတိုင်ခင် ရာဇာဝတ်မှုများကို ဖြိုခွင်းလျက်ရှိနေချိန်တွင်  Moo 10 ရွာရှိအိမ်တွင်သေနတ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းစစ်တပ်တို့သည် Moo 10 ကျေးရွာရှိ Mr. Pang နှင့် Mr. Suthai အမည်ရှိ သူနှစ်ဦး၏အိမ်ကို စီးနင်းရှာဖွေရန်အတွက် ချင်းရိုင်ပြည်နယ် တရားရုံးမှ ရှာဖွေဝရမ်းတောင်းခံခဲ့ရာ ဝရမ်းရရှိခဲ့ပြီးနောက် မေလ ၉ ရက်တွင် အိမ်ကို စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအိမ်ကို စီးနင်းရှာဖွေချိန်အတွင်း  သေနတ်အများအပြားနှင့်ကျည်ဆံများကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသောသေနတ်များထဲတွင် ပစ္စတိုသေနတ်များ၊ shotguns အမျိုးအစားသေ နတ်များ၊ သေနတ်ကျည်ဆံကဒ်များ၊ ကျည်ဆံ (၃ဝဝ)ကျော်တို့ပါဝင်ခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးကြီး Paween Thongsomboon ကပြောသည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါဖမ်းဆီးရမိသော သေနတ်များ၊ ကျည်ဆံများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါ ထိုင်းနိုင်ငံ မဲဆိုင်ဒေသ ၊ မဲဆောက်ဒေသများသည် မြန်မာနိုင်ငံတွင်အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နစကကို ဆန့်ကျင်နေသော CDM အုပ်စုများ၊ NUG အဖွဲ့ဝင်များရှိနေကြောင်း ထိုင်းသတင်းများ၏ဖော်ပြချက်များအရသိရသည်။

zawgyi version

ထိုင္း- ျမန္မာနယ္စပ္ေဒသရွိ ေနအိမ္တစ္ခုကို စီးနင္းခ်ိန္အတြင္း ေသနတ္အလက္ေပါင္း (၁ဝဝ)ေက်ာ္ႏွင့္ က်ည္ဆံမ်ားဖမ္းဆီးရမိဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ

ဂ်န္ဇက္ (NP News) - ေမ ၁ဝ

ထိုင္းႏိုင္ငံခ်င္း႐ိုင္ ေဒသရဲတပ္ဖြဲ႕ ႏွင့္ စစ္သားမ်ားသည္ ထိုင္း ႏွင့္ ျမန္မာနယ္စပ္အနီးရွိ အိမ္တစ္အိမ္ကို ေမလ ၉ ရက္က စီးနင္းရွာေဖြခဲ့ရာ ေသနတ္ အတို၊ အရွည္ စုစုေပါင္း (၁ဝဝ)ေက်ာ္ ႏွင့္က်ည္ဆံမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။ ခ်င္း႐ိုင္ျပည္နယ္ မဲဆိုင္ေဒသ Koh Chang ရဲစခန္းသည္ လာမည့္ရက္ပိုင္းအတြင္းက်င္းပမည့္ ထိုင္းေ႐ြးေကာက္ပြဲမတိုင္ခင္ ရာဇာဝတ္မႈမ်ားကို ၿဖိဳခြင္းလ်က္ရွိေနခ်ိန္တြင္  Moo 10 ႐ြာရွိအိမ္တြင္ေသနတ္မ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထိုင္းရဲတပ္ဖြဲ႕ႏွင့္ ထိုင္းစစ္တပ္တို႔သည္ Moo 10 ေက်း႐ြာရွိ Mr. Pang ႏွင့္ Mr. Suthai အမည္ရွိ သူႏွစ္ဦး၏အိမ္ကို စီးနင္းရွာေဖြရန္အတြက္ ခ်င္း႐ိုင္ျပည္နယ္ တရား႐ုံးမွ ရွာေဖြဝရမ္းေတာင္းခံခဲ့ရာ ဝရမ္းရရွိခဲ့ၿပီးေနာက္ ေမလ ၉ ရက္တြင္ အိမ္ကို စီးနင္းရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါအိမ္ကို စီးနင္းရွာေဖြခ်ိန္အတြင္း  ေသနတ္အမ်ားအျပားႏွင့္က်ည္ဆံမ်ားကို ေတြ႕ရွိသိမ္းဆည္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဖမ္းဆီးရမိေသာေသနတ္မ်ားထဲတြင္ ပစၥတိုေသနတ္မ်ား၊ shotguns အမ်ိဳးအစားေသ နတ္မ်ား၊ ေသနတ္က်ည္ဆံကဒ္မ်ား၊ က်ည္ဆံ (၃ဝဝ)ေက်ာ္တို႔ပါဝင္ခဲ့ေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ ရဲမႉးႀကီး Paween Thongsomboon ကေျပာသည္။

ထိုင္းအာဏာပိုင္မ်ားသည္ အဆိုပါဖမ္းဆီးရမိေသာ ေသနတ္မ်ား၊ က်ည္ဆံမ်ားႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။ အဆိုပါ ထိုင္းႏိုင္ငံ မဲဆိုင္ေဒသ ၊ မဲေဆာက္ေဒသမ်ားသည္ ျမန္မာႏိုင္ငံတြင္အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း နစကကို ဆန႔္က်င္ေနေသာ CDM အုပ္စုမ်ား၊ NUG အဖြဲ႕ဝင္မ်ားရွိေနေၾကာင္း ထိုင္းသတင္းမ်ား၏ေဖာ္ျပခ်က္မ်ားအရသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခုပညာသင်နှစ်၌ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများထံမှ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမပြုရန် ညွှန်ကြား

RELATED POSTS
RECENT POSTS
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved