ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂ဝဝဝ)နီးပါးတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
စော (NP News) - မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်အတွင်း သိုဝှက်ကာသယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂ဝဝဝ)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့(မေလ ၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မေလ(၇)ရက်၊ ည(၇)နာရီခွဲအချိန်တွင် ကျော်သက်စိုးမောင်းနှင်ပြီး အောင်ဖြိုးလိုက်ပါလာသည့် ဆိုင်ကယ်နှင့် တစ်ရှဲန်မောင်းနှင်ပြီး မနန်းထွေးလင်းလိုက်ပါ လာသည့် ဆိုင်ကယ်နှစ်စီးတို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထို့သို့ရှာဖွေခဲ့ရာ တစ်ရှဲန်မောင်းနှင်လာသည့် ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း (၁၉၈ဝ)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၁ ဒသမ ၈ ကီလို နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့အတူတကွ သုံးစွဲပြီးရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့ (၄)ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊တာချီလိတ်မြို့၊ဆွတ်ဆိုင်ကျေးရွာအနီး မေလ (၆)ရက်၊ ည (၉)နာရီအချိန်တွင် စိုင်းဆမ်နွန်းမောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေခဲ့ရာ လွယ်အိတ်အတွင်းမှ ငွေကျပ် (၂၈)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄ဝဝဝ)ပြား နှင့်လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
zawgyi version
ဆိုင္ကယ္အတြင္း သိုဝွက္သယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း (၂ဝဝဝ)နီးပါးတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိ
ေစာ (NP News) - ေမ ၉
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္အတြင္း သိုဝွက္ကာသယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း (၂ဝဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယေန႔(ေမလ ၉ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္တြင္ ေမလ(၇)ရက္၊ ည(၇)နာရီခြဲအခ်ိန္တြင္ ေက်ာ္သက္စိုးေမာင္းႏွင္ၿပီး ေအာင္ၿဖိဳးလိုက္ပါလာသည့္ ဆိုင္ကယ္ႏွင့္ တစ္ရွဲန္ေမာင္းႏွင္ၿပီး မနန္းေထြးလင္းလိုက္ပါ လာသည့္ ဆိုင္ကယ္ႏွစ္စီးတို႔အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ရွာေဖြခဲ့ရာ တစ္ရွဲန္ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အတြင္း သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း (၁၉၈ဝ)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး(Happy Water) အေလးခ်ိန္ ၁ ဒသမ ၈ ကီလို ႏွင့္ လက္ကိုင္ဖုန္း ၄ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေဆးေမးျမန္းခဲ့ရာ ၎တို႔အတူတကြ သုံးစြဲၿပီးေရာင္းခ်ရန္ ဝယ္ယူခဲ့ျခင္းျဖစ္သျဖင့္ ၎တို႔ (၄)ဦးအား ေဟာင္လိတ္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
အလားတူ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ၊တာခ်ီလိတ္ၿမိဳ႕၊ဆြတ္ဆိုင္ေက်း႐ြာအနီး ေမလ (၆)ရက္၊ ည (၉)နာရီအခ်ိန္တြင္ စိုင္းဆမ္ႏြန္းေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား စစ္ေဆးရွာေဖြခဲ့ရာ လြယ္အိတ္အတြင္းမွ ေငြက်ပ္ (၂၈)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄ဝဝဝ)ျပား ႏွင့္လက္ကိုင္ဖုန္းတစ္လုံးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံလိုပါက သင့်လျော်သည့်အစီအမံဖြင့် ခွင့်ပြုပေးနေဟု UEC ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း