မီးလောင်မှုများကြောင့် နှစ်စဥ် ငွေကျပ်(၁၅)ဘီလျံနီးပါး ဆုံးရှုံးနေရကြောင်း ဒုတပ်ချုပ်ဆို
ယွန်း (NP News) - မေ ၆
မြန်မာနိုင်ငံတွင် မီးလောင်မှုများကြောင့် နှစ်စဥ် ငွေကျပ်(၁၅)ဘီလျံနီးပါး ဆုံးရှုံးနေရကြောင်း ဒုတပ်ချုပ်မှ အသိပေးပြောဆိုထားသည်။
နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေလ(၅)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပခဲ့သော (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်စဥ်မီးလောင်မှုများဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် (၂ဝ၁၃)ခုနှစ်မှ (၂ဝ၂၂)ခုနှစ်အထိ (၁ဝ)နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း (၁၈၃၃၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်များကြောင့် နိုင်ငံတစ်ဝန်းတွင် ငွေကျပ်(၁၅၅)ဘီလျံကျော် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာန၏မှတ်တမ်းများအရ သိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဥ်မီးလောင်မှုအကြိမ်ရေသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ (၁၈ဝဝ)ကျော်ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဥ် ငွေကျပ်(၁၅)ဘီလျံခန့်ရှိကြောင်း ဒုတပ်ချုပ်မှဆိုသည်။
ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေတိုးပွားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုအကြိမ်လည်း တိုးလာနိုင်ကြောင်း ၎င်းမှသတိပေးပြောဆိုထားသည်။
ထို့ကြောင့် မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့ကျစေရန်အတွက် ပြည်သူများကို မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ ပျံ့နှံအောင်လုပ်ဆောင်သင့်ကြောင်း ဒုတပ်ချုပ်မှ တိုက်တွန်းပြောဆိုထားခဲ့ သည်။
zawgyi version
မီးေလာင္မႈမ်ားေၾကာင့္ ႏွစ္စဥ္ ေငြက်ပ္(၁၅)ဘီလ်ံနီးပါး ဆုံးရႈံးေနရေၾကာင္း ဒုတပ္ခ်ဳပ္ဆို
ယြန္း (NP News) - ေမ ၆
ျမန္မာႏိုင္ငံတြင္ မီးေလာင္မႈမ်ားေၾကာင့္ ႏွစ္စဥ္ ေငြက်ပ္(၁၅)ဘီလ်ံနီးပါး ဆုံးရႈံးေနရေၾကာင္း ဒုတပ္ခ်ဳပ္မွ အသိေပးေျပာဆိုထားသည္။
နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေမလ(၅)ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၂တြင္ ကင္းပခဲ့ေသာ (၇၇)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္မီးေလာင္မႈမ်ားျဖစ္ပြားလ်က္ရွိရာ ၿပီးခဲ့သည့္ (၂ဝ၁၃)ခုႏွစ္မွ (၂ဝ၂၂)ခုႏွစ္အထိ (၁ဝ)ႏွစ္တာကာလအတြင္း မီးေလာင္မႈေပါင္း (၁၈၃၃၆)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္မ်ားေၾကာင့္ ႏိုင္ငံတစ္ဝန္းတြင္ ေငြက်ပ္(၁၅၅)ဘီလ်ံေက်ာ္ ဆုံးရႈံးခဲ့ရေၾကာင္း မီးသတ္ဦးစီးဌာန၏မွတ္တမ္းမ်ားအရ သိရသည္။
ထို႔ျပင္ ႏိုင္ငံတစ္ဝန္းလုံး၌ ႏွစ္စဥ္မီးေလာင္မႈအႀကိမ္ေရသည္ ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ အႀကိမ္ေရ (၁၈ဝဝ)ေက်ာ္ခန႔္ျဖစ္ပြားၿပီး ဆုံးရႈံးမႈအေနျဖင့္ ႏွစ္စဥ္ ေငြက်ပ္(၁၅)ဘီလ်ံခန႔္ရွိေၾကာင္း ဒုတပ္ခ်ဳပ္မွဆိုသည္။
ရာသီဥတုေျပာင္းလဲမႈႏွင့္ လူဦးေရတိုးပြားလာၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္လာသည္ႏွင့္အမွ် မီးေလာင္မႈအႀကိမ္လည္း တိုးလာႏိုင္ေၾကာင္း ၎မွသတိေပးေျပာဆိုထားသည္။
ထို႔ေၾကာင့္ မီးေလာင္မႈအႀကိမ္ေရႏွင့္ မီးေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈတန္ဖိုး ေလ်ာ့က်ေစရန္အတြက္ ျပည္သူမ်ားကို မီးသတိမူေရးႏွင့္ မီးေဘးႀကိဳတင္ကာကြယ္ေရးအသိပညာမ်ား ပ်ံ႕ႏွံေအာင္လုပ္ေဆာင္သင့္ေၾကာင္း ဒုတပ္ခ်ဳပ္မွ တိုက္တြန္းေျပာဆိုထားခဲ့ သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကနေဒါနိုင်ငံ အနောက်ပိုင်းတစ်ဝှမ်း မီးဘေးနဲ့ရေကြီးမှုတွေကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း