မြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုခဲ့
ယွန်း (NP News)- မေ ၆
မြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် မေလ(၄)ရက်မှ မေလ(၅) ရက်အထိ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ဆက်စပ်အစည်းအဝေးကာလအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
၎င်းစာချွန်လွှာကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့က မေလ(၅)ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင် ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂ဝဝ၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
SCO ၏ အဖွဲ့ဝင်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန် နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံများဖြစ်ကြောင်း သိရသည်။
SCO သည် နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဥ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အဓိကပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
zawgyi version
ျမန္မာႏိုင္ငံအား ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕၏ ေဆြးေႏြးဖက္ႏိုင္ငံအျဖစ္ ခြင့္ျပဳခဲ့
ယြန္း (NP News)- ေမ ၆
ျမန္မာႏိုင္ငံအား ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕၏ ေဆြးေႏြးဖက္ႏိုင္ငံအျဖစ္ ခြင့္ျပဳလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ခြင့္ျပဳေၾကာင္း စာခြၽန္လႊာကို အိႏၵိယႏိုင္ငံ၊ ဂိုအာၿမိဳ႕တြင္ ေမလ(၄)ရက္မွ ေမလ(၅) ရက္အထိ က်င္းပခဲ့သည့္ ရွန္ဟိုင္းပူးေပါင္း ေဆာင္႐ြက္မႈအဖြဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး၏ဆက္စပ္အစည္းအေဝးကာလအတြင္း လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
၎စာခြၽန္လႊာကို အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္ႏွင့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (SCO)၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Mr. Zhang Ming တို႔က ေမလ(၅)ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။
ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕(SCO)သည္ အစိုးရအခ်င္းခ်င္းအၾကား ပူးေပါင္းေဆာင္ ႐ြက္ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ၂ဝဝ၁ ခုႏွစ္၊ ဇြန္လ (၁၅)ရက္တြင္ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
SCO ၏ အဖြဲ႕ဝင္ႏိုင္ငံမ်ားမွာ တ႐ုတ္၊ အိႏၵိယ၊ ကာဇက္စတန္၊ ကာဂ်စ္စတန္၊ ပါကစၥတန္၊ ႐ုရွား၊ တာဂ်စ္ကစၥတန္ ႏွင့္ ဥဇဘတ္ကစၥတန္ႏိုင္ငံမ်ားျဖစ္ေၾကာင္း သိရသည္။
SCO သည္ ႏိုင္ငံမ်ားအၾကား ႏိုင္ငံေရး၊ ကုန္သြယ္ေရး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ ယဥ္ေက်းမႈ၊ ပညာေရး၊ စြမ္းအင္၊ ပို႔ေဆာင္ဆက္သြယ္ေရးစသည့္ နယ္ပယ္မ်ားတြင္ အဓိကပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်တွေကို နိုင်ငံသားပေးဖို့ တောင်းဆိုချက်တွေကိုလက်မခံဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း