ဂျပန်နိုင်ငံမှာ နိုဝင်ဘာလက အလုပ်လက်မဲ့နှုန်း (၂ ဒသမ ၅)ရာခိုင်နှုန်းထိ ကျဆင်းလာ
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၇
ဂျပန်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းဟာ အောက်တိုဘာလက ဧည့်ဝတ်ပြုမှုကဏ္ဍမှာ အလုပ်အကိုင်များ တိုးလာခြင်းကြောင့် သုံးလအတွင်း ပထမဆုံး တိုးတက်မှုအဖြစ် (၂ ဒသမ ၆)ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလမှာ (၂ ဒသမ ၅) ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း အစိုးရအချက်အလက်များက အင်္ဂါနေ့(ဒီဇင်ဘာလ ၂၇ ရက်)မှာ ဖော်ပြခဲ့ပါတယ်။
အလုပ်အကိုင်ရှာဖွေသူ (၁ဝဝ) တိုင်းအတွက် အလုပ် (၁၃၅)ခု ခေါ်ဆိုမှုများရှိကြောင်း သီးခြားအစိုးရ အချက်အလက်များအရ သိရပါတယ်။ အလုပ်အကိုင် ကမ်းလှမ်းမှုနဲ့ အလုပ်ရှာဖွေသူ အရေအတွက်မှာ ယခင်လကထက် လျော့နည်းသွားသော်လည်း လုပ်သားရှားပါးမှုကြောင့် လစ်လပ်နေရာများကို ဖြည့်စွက်ရန် ကုမ္ပဏီအချို့က အလုပ်ခန့်ထားရန် ဆန္ဒရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အစိုးရရဲ့ ပြည်တွင်းခရီးသွား ထောက်ပံ့မှုအစီအစဉ်နဲ့ နှစ်သစ်ကူးအားလပ်ရက်များပြီးနောက် ခရီးသွားများတိုးလာရန် မျှော်မှန်းချက်ကြောင့် တည်းခိုခန်း နဲ့ စားသောက်ဆိုင်ကဏ္ဍဟာ အစောပိုင်းနှစ်ထက် အလုပ်ခေါ်စာ (၂၁ ဒသမ ၂) ရာခိုင် နှုန်းတိုးလာကာ နိုဝင်ဘာလမှာ အလုပ်အကိုင် ကမ်းလှမ်းမှု သိသိသာသာ မြင့်တက်ခဲ့ပါတယ်။
တည်းခိုနေထိုင်ရေးနဲ့ စားသောက်ဆိုင် ကဏ္ဍမှာ အလုပ်လုပ်ကိုင်သူဦးရေဟာလည်း ယခင်နှစ်ကထက် (၅ ဒသမ ၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများမှာ လုပ်သားအင်အား (၁ ဒသမ ၆) ရာခိုင်နှုန်း (၁ဝ ဒသမ ၄၅ သန်း) အထိ တိုးလာခဲ့ကြောင်း ပြည်တွင်းရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ သိရပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် အိမ်ခြံမြေနဲ့ ကုန်စည်ငှားရမ်းခြင်းလုပ်ငန်းများမှာ အလုပ်အ ကိုင် (၈ ဒသမ ၈) ရာခိုင်နှုန်း ( ၁ ဒသမ ၃၅ သန်း ) ကျဆင်းသွားပြီး သယ်ယူပို့ ဆောင်ရေး၊ စာတိုက်ဝန်ဆောင်မှုကဏ္ဍမှာ အလုပ်အကိုင်အရေအတွက် (၅ ဒသမ ၈) ရာခိုင်နှုန်း( ၃ ဒသမ ၄၄ သန်း) သို့ ကျဆင်းသွားပါတယ်။
နိုဝင်ဘာလက အလုပ်လက်မဲ့ဦးရေဟာ ယခင်လကထက် ၅ဝဝဝဝ သို့မဟုတ် ၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ရာသီအလိုက် ချိန်ညှိမှုအရ ၁ ဒသမ ၇၈ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဝန်ကြီးဌာနအရ သိရပါတယ်။ အလုပ်သစ်ရှာဖွေသူဦးရေ ၁၅ ဒသမ ၄ ရာခိုင်နှုန်း (၄၄ဝဝဝဝ ဦး)သို့ ကျဆင်းသွားခဲ့ပြီး စုစုပေါင်း အလုပ်လက်မဲ့နှုန်းဟာ ယခင်လကထက် ၉ ဒသမ ၂ ရာခိုင်နှုန်းတိုးလာကာ အလုပ်မှ ထုတ်ပယ်ခံရသူကတော့ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ အမျိုးသားများကြားမှာ ၂ ဒဿမ ၈ ရာခိုင်နှုန်းရှိပြီး ယခင်လကနဲ့ မပြောင်းလဲဘဲ အမျိုးသမီးများမှာတော့ ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း အချက်အလက်များအရ သိရပါတယ်။
zawgyi version
ဂ်ပန္ႏိုင္ငံမွာ ႏိုဝင္ဘာလက အလုပ္လက္မဲ့ႏႈန္း (၂ ဒသမ ၅)ရာခိုင္ႏႈန္းထိ က်ဆင္းလာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၇
ဂ်ပန္ႏိုင္ငံမွာ အလုပ္လက္မဲ့ႏႈန္းဟာ ေအာက္တိုဘာလက ဧည့္ဝတ္ျပဳမႈက႑မွာ အလုပ္အကိုင္မ်ား တိုးလာျခင္းေၾကာင့္ သုံးလအတြင္း ပထမဆုံး တိုးတက္မႈအျဖစ္ (၂ ဒသမ ၆)ရာခိုင္ႏႈန္းရွိခဲ့ရာမွ ႏိုဝင္ဘာလမွာ (၂ ဒသမ ၅) ရာခိုင္ႏႈန္းသို႔ ျပန္လည္က်ဆင္းသြားခဲ့ေၾကာင္း အစိုးရအခ်က္အလက္မ်ားက အဂၤါေန႔(ဒီဇင္ဘာလ ၂၇ ရက္)မွာ ေဖာ္ျပခဲ့ပါတယ္။
အလုပ္အကိုင္ရွာေဖြသူ (၁ဝဝ) တိုင္းအတြက္ အလုပ္ (၁၃၅)ခု ေခၚဆိုမႈမ်ားရွိေၾကာင္း သီးျခားအစိုးရ အခ်က္အလက္မ်ားအရ သိရပါတယ္။ အလုပ္အကိုင္ ကမ္းလွမ္းမႈနဲ႔ အလုပ္ရွာေဖြသူ အေရအတြက္မွာ ယခင္လကထက္ ေလ်ာ့နည္းသြားေသာ္လည္း လုပ္သားရွားပါးမႈေၾကာင့္ လစ္လပ္ေနရာမ်ားကို ျဖည့္စြက္ရန္ ကုမၸဏီအခ်ိဳ႕က အလုပ္ခန႔္ထားရန္ ဆႏၵရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
အစိုးရရဲ႕ ျပည္တြင္းခရီးသြား ေထာက္ပံ့မႈအစီအစဥ္နဲ႔ ႏွစ္သစ္ကူးအားလပ္ရက္မ်ားၿပီးေနာက္ ခရီးသြားမ်ားတိုးလာရန္ ေမွ်ာ္မွန္းခ်က္ေၾကာင့္ တည္းခိုခန္း နဲ႔ စားေသာက္ဆိုင္က႑ဟာ အေစာပိုင္းႏွစ္ထက္ အလုပ္ေခၚစာ (၂၁ ဒသမ ၂) ရာခိုင္ ႏႈန္းတိုးလာကာ ႏိုဝင္ဘာလမွာ အလုပ္အကိုင္ ကမ္းလွမ္းမႈ သိသိသာသာ ျမင့္တက္ခဲ့ပါတယ္။
တည္းခိုေနထိုင္ေရးနဲ႔ စားေသာက္ဆိုင္ က႑မွာ အလုပ္လုပ္ကိုင္သူဦးေရဟာလည္း ယခင္ႏွစ္ကထက္ (၅ ဒသမ ၁) ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ၿပီး ကုန္ထုတ္လုပ္ငန္းမ်ားမွာ လုပ္သားအင္အား (၁ ဒသမ ၆) ရာခိုင္ႏႈန္း (၁ဝ ဒသမ ၄၅ သန္း) အထိ တိုးလာခဲ့ေၾကာင္း ျပည္တြင္းေရးရာဝန္ႀကီးဌာနမွ ထုတ္ျပန္တဲ့ အခ်က္အလက္မ်ားအရ သိရပါတယ္။ ဆန႔္က်င္ဘက္အားျဖင့္ အိမ္ၿခံေျမနဲ႔ ကုန္စည္ငွားရမ္းျခင္းလုပ္ငန္းမ်ားမွာ အလုပ္အ ကိုင္ (၈ ဒသမ ၈) ရာခိုင္ႏႈန္း ( ၁ ဒသမ ၃၅ သန္း ) က်ဆင္းသြားၿပီး သယ္ယူပို႔ ေဆာင္ေရး၊ စာတိုက္ဝန္ေဆာင္မႈက႑မွာ အလုပ္အကိုင္အေရအတြက္ (၅ ဒသမ ၈) ရာခိုင္ႏႈန္း( ၃ ဒသမ ၄၄ သန္း) သို႔ က်ဆင္းသြားပါတယ္။
ႏိုဝင္ဘာလက အလုပ္လက္မဲ့ဦးေရဟာ ယခင္လကထက္ ၅ဝဝဝဝ သို႔မဟုတ္ ၂ ဒသမ ၈ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး ရာသီအလိုက္ ခ်ိန္ညႇိမႈအရ ၁ ဒသမ ၇၈ သန္းအထိ က်ဆင္းသြားခဲ့ေၾကာင္း ဝန္ႀကီးဌာနအရ သိရပါတယ္။ အလုပ္သစ္ရွာေဖြသူဦးေရ ၁၅ ဒသမ ၄ ရာခိုင္ႏႈန္း (၄၄ဝဝဝဝ ဦး)သို႔ က်ဆင္းသြားခဲ့ၿပီး စုစုေပါင္း အလုပ္လက္မဲ့ႏႈန္းဟာ ယခင္လကထက္ ၉ ဒသမ ၂ ရာခိုင္ႏႈန္းတိုးလာကာ အလုပ္မွ ထုတ္ပယ္ခံရသူကေတာ့ ၂ ဒသမ ၄ ရာခိုင္ႏႈန္း တိုးလာခဲ့ပါတယ္။ အလုပ္လက္မဲ့ႏႈန္းဟာ အမ်ိဳးသားမ်ားၾကားမွာ ၂ ဒႆမ ၈ ရာခိုင္ႏႈန္းရွိၿပီး ယခင္လကနဲ႔ မေျပာင္းလဲဘဲ အမ်ိဳးသမီးမ်ားမွာေတာ့ ဝ ဒသမ ၁ ရာခိုင္ႏႈန္းမွ ၂ ဒသမ ၂ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း အခ်က္အလက္မ်ားအရ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့ရှိ ရွာလမ်းဘေး၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၄)ဦး၏ ရုပ်အလောင်းများတွေ့ရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း