အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာ ဓာတ်တိုင်အား ဝင်တိုက်မှုကြောင့် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
Pearl (NP News) - မေ ၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာ ဓာတ်တိုင်အား ဝင်တိုက်မှုကြောင့် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၄ ရက်)၊ ည (၈)နာရီခွဲ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းမီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးပွိုင့်အနီးတွင် probox အမျိုးအစား တက္ကစီတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ ဓာတ်တိုင်အားဝင်တိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ ဆိုသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား မြေပြင်တွင်ရှေးဦးပြုစုပေးကာ လက်ရှိတွင် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
အင္းစိန္ၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ျဖစ္ကာ ဓာတ္တိုင္အား ဝင္တိုက္မႈေၾကာင့္ (၅)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ေမ ၅
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ျဖစ္ကာ ဓာတ္တိုင္အား ဝင္တိုက္မႈေၾကာင့္ (၅)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၄ ရက္)၊ ည (၈)နာရီခြဲ အခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ မင္းဓမၼလမ္းမီးပြိဳင့္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးပြိဳင့္အနီးတြင္ probox အမ်ိဳးအစား တကၠစီတစ္စီးသည္ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ရွိ ဓာတ္တိုင္အားဝင္တိုက္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ေၾကာင့္ အမ်ိဳးသား(၂)ဦး ႏွင့္ အမ်ိဳးသမီး(၃)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအဖြဲ႕မွ ဆိုသည္။
အဆိုပါ ဒဏ္ရာရရွိသူမ်ားအား ေျမျပင္တြင္ေရွးဦးျပဳစုေပးကာ လက္ရွိတြင္ အင္းစိန္ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံ Bakhmut မြို့က တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း ရုရှား ကြေးစားစစ်သားအုပ်စုပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း