မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုအတွက် တည်ဆောက်ခဲ့သည့် ကုလားတန်ဘက်စုံစီမံကိန်းတွင် အမေရိကန်ဒေါ်လာ(၅ဝဝ)နီးပါး ရင်းနှီးမြှုပ်နှံထား
ယွန်း (NP News) - မေ ၄
မြန်မာ နှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုအတွက် ကုလားတန်ဘက်စုံစီမံကိန်းတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဘိလပ်မြေများ တင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကော်လ်ကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံ၊ စစ်တွေမြို့သို့ မေလ ၄ ရက်တွင် ပထမဆုံးခရီးစဉ် ပြေးဆွဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
ကုလားတန်ဘက်စုံစီမံကိန်း တည်ဆောက်ခြင်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အိန္ဒိယအရှေ့ မြောက် ကုန်းတွင်းပိတ်ဒေသများအတွက်လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေမှတစ်ဆင့် ပလက်ဝမြို့သို့ဖြစ်ပြီး ရေလမ်းကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် စစ်တွေဆိပ်ကမ်း အပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ- မီဇိုရမ်ကားလမ်းများပါဝင်ကြောင်းသိရပြီး ၎င်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း(၅ဝဝ)နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆိုထားသည်။
ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၎င်းစီမံကိန်းကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား သွားလာဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည့်အပြင် ကုန်သွယ်ရေးကိုလည်း ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် မြန်မာနှင့်အိန္ဒိယနိုင်ငံအကြား ၂ဝဝ၈ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့သော စီမံကိန်းတစ်ခုဖြစ်သည်။
zawgyi version
ျမန္မာႏွင့္ အိႏၵိယႏွစ္ႏိုင္ငံ ကုန္သြယ္မႈအတြက္ တည္ေဆာက္ခဲ့သည့္ ကုလားတန္ဘက္စုံစီမံကိန္းတြင္ အေမရိကန္ေဒၚလာ(၅ဝဝ)နီးပါး ရင္းႏွီးျမႇဳပ္ႏွံထား
ယြန္း (NP News) - ေမ ၄
ျမန္မာ ႏွင့္ အိႏၵိယႏွစ္ႏိုင္ငံ ကုန္သြယ္မႈအတြက္ ကုလားတန္ဘက္စုံစီမံကိန္းတည္ေဆာက္ျခင္းလုပ္ငန္းကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဘိလပ္ေျမမ်ား တင္ေဆာင္ထားသည့္ MV ITT Lion အမည္ရွိ အိႏၵိယကုန္တင္သေဘၤာသည္ ေကာ္လ္ကတၱား Syama Prasad Mookerjee ဆိပ္ကမ္းမွ ျမန္မာႏိုင္ငံ၊ စစ္ေတြၿမိဳ႕သို႔ ေမလ ၄ ရက္တြင္ ပထမဆုံးခရီးစဥ္ ေျပးဆြဲခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွသိရသည္။
ကုလားတန္ဘက္စုံစီမံကိန္း တည္ေဆာက္ျခင္းသည္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေသာ အိႏၵိယအေရွ႕ ေျမာက္ ကုန္းတြင္းပိတ္ေဒသမ်ားအတြက္လိုအပ္သည့္ ကုန္ပစၥည္းမ်ားကို စစ္ေတြမွတစ္ဆင့္ ပလက္ဝၿမိဳ႕သို႔ျဖစ္ၿပီး ေရလမ္းကုန္းလမ္းမွတစ္ဆင့္ သယ္ယူပို႔ေဆာင္ရန္ ရည္႐ြယ္ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းတြင္ စစ္ေတြဆိပ္ကမ္း အပါအဝင္ ပလက္ဝကုန္းတြင္းဆိပ္ကမ္း၊ ကုလားတန္ျမစ္ကူးတံတား၊ ပလက္ဝ- မီဇိုရမ္ကားလမ္းမ်ားပါဝင္ေၾကာင္းသိရၿပီး ၎စီမံကိန္းအတြက္ အေမရိကန္ေဒၚလာသန္း(၅ဝဝ)နီးပါး ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ဆိုထားသည္။
ကုလားတန္ျမစ္ဝွမ္းဖြံ႕ၿဖိဳးေရးစီမံကိန္းသည္ အိႏၵိယႏိုင္ငံႏွင့္ပူးေပါင္းေဆာင္႐ြက္သည့္ စီမံကိန္းတစ္ခုျဖစ္ၿပီး ၎စီမံကိန္းေၾကာင့္ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံအၾကား သြားလာဆက္သြယ္မႈ ပိုမိုေကာင္းမြန္လာမည့္အျပင္ ကုန္သြယ္ေရးကိုလည္း ပိုမိုျမႇင့္တင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ကုလားတန္ျမစ္ဝွမ္းဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းသည္ ျမန္မာႏွင့္အိႏၵိယႏိုင္ငံအၾကား ၂ဝဝ၈ ခုႏွစ္က သေဘာတူလက္မွတ္ေရးထိုးခဲ့ေသာ စီမံကိန္းတစ္ခုျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)နှစ်စာကျင်းပမည့် အကယ်ဒမီဆုပေးပွဲ၌ Fashion Awards ဆု (၄)ဆုပေးအပ်မည်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း