မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ သံဃာတော် (၂)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ပါးမှာစိုးရိမ်ဖွယ်အခြေအနေရှိနေ
Pearl (NP News) - မေ ၄
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီးမတော်တဆဖြစ်ပွားမှုကြောင့် သံဃာတော်(၂)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ပါးမှာ စိုးရိမ်ဖွယ်ရာရှိနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၃ ရက်)၊ ညနေ (၄)နာရီ အချိန်ခန့်တွင် ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာမြတ်မုနိဘုရားအနီးတွင် သံဃာတော် (၁)ပါးမောင်းနှင်၍ အခြားသံဃာ(၁)ပါးလိုက်ပါလာသော မော်တော်ယာဉ်သည် အခင်းဖြစ်နေရာတွင် ကားဘီးပေါက်၍ လမ်းချော်သွားခဲ့ကြောင်း သိရသည်။
"အခု စစ်တွေ ဆေးရုံကို ပို့ပေးထားတယ်။ တစ်ပါးကတော့ ခြေထောက်ပဲ ကျိုးတာ။ နောက်တစ်ပါးက ဦးခေါင်းထိသွားတယ်။ စိုးရိမ်ရတယ်" ဟု ဖြူစင်မေတ္တာ ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် သံဃာ(၂)ပါး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ သံဃာ(၂)ပါးသည် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ သံဃာ(၂)ပါးအား စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး တစ်ပါးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
zawgyi version
ေမာ္ေတာ္ယာဥ္ မေတာ္တဆမႈျဖစ္ပြားခဲ့ရာ သံဃာေတာ္ (၂)ပါး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တစ္ပါးမွာစိုးရိမ္ဖြယ္အေျခအေနရွိေန
Pearl (NP News) - ေမ ၄
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီးမေတာ္တဆျဖစ္ပြားမႈေၾကာင့္ သံဃာေတာ္(၂)ပါး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တစ္ပါးမွာ စိုးရိမ္ဖြယ္ရာရွိေနေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၃ ရက္)၊ ညေန (၄)နာရီ အခ်ိန္ခန႔္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မဟာျမတ္မုနိဘုရားအနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မဟာျမတ္မုနိဘုရားအနီးတြင္ သံဃာေတာ္ (၁)ပါးေမာင္းႏွင္၍ အျခားသံဃာ(၁)ပါးလိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္သည္ အခင္းျဖစ္ေနရာတြင္ ကားဘီးေပါက္၍ လမ္းေခ်ာ္သြားခဲ့ေၾကာင္း သိရသည္။
"အခု စစ္ေတြ ေဆး႐ုံကို ပို႔ေပးထားတယ္။ တစ္ပါးကေတာ့ ေျခေထာက္ပဲ က်ိဳးတာ။ ေနာက္တစ္ပါးက ဦးေခါင္းထိသြားတယ္။ စိုးရိမ္ရတယ္" ဟု ျဖဴစင္ေမတၱာ ပရဟိတအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ သံဃာ(၂)ပါး ဒဏ္ရာရရွိခဲ့ၿပီး အဆိုပါ သံဃာ(၂)ပါးသည္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေညာင္ေခ်ာင္းေက်း႐ြာရွိ ေက်း႐ြာဘုန္းႀကီးေက်ာင္းတြင္ သီတင္းသုံးေနထိုင္ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ သံဃာ(၂)ပါးအား စစ္ေတြ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး တစ္ပါးမွာ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတွေ အရူးလုပ်တာခံရတဲ့ အနောက်တိုင်းခေါင်းဆောင်များ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း