Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ နှင့် အာဆီယံ ပူးပေါင်းမှုသည် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုကို အထောက်အပံ့ဖြစ်စေဟုဆို

ယွန်း (NP News) - မေ ၄

မြန်မာနိုင်ငံနှင့် အာဆီယံပူးပေါင်းမှုသည် ‌ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုတို့ကို အထောက်အပံ့ဖြစ်စေကြောင်း ASEAN- BAC ဥက္ကဋ္ဌမှ သုံးသပ်ပြောဆိုထားသည်။

Mr. Arsjad Rasjid P. M.(ASEAN-BAC Indonesia) က ပြီးခဲ့သည့် မေလ(၁)ရက်မှ (၃)ရက်အတွင်း မြန်မာနိုင်ငံသို့ ASEAN-BAC Roadshow ၏ အစီအစဥ်တစ်ရပ်အဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။

ခရီးစဥ်၏ အဓိကရည်ရွယ်ချက်သည် ဒီဂျစ်တယ်အသွင်းကူးပြောင်းရေး အပါအဝင် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းမြှင့်တင်‌ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ပြီး ‌ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ASEAN Roadshow ခရီးစဉ်က စီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်မှုတွေကိုမြှင့်တင်ပြီး အာဆီယံဗဟိုပြုမှုကို တိုးတက်စေဖို့နဲ့ အရှေ့တောင်အာရှဒေသက တိုးတက်ကြီးပွားခြင်းရဲ့ အချက်အချာကျတဲ့ ဗဟိုစုံချက်တစ်ခု ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်” ဟု Mr. Arsjad Rasjid P. M. ကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအတွက် ‌အရေးပါသော အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံအကြား နက်နဲသည့် ပေါင်းစည်းချိတ်ဆက်မှုကို လုပ်ဆောင်လိုကြောင်း Mr. Arsjad Rasjid P. M. မှ အသိပေးပြောဆိုခဲ့သည်။

အလားတူ မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအားကောင်းသော ‌ဒေသတွင်းပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ၎င်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့်တိုးတက်မှုကို ပို၍ထောက်ပံ့စေနိုင်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကလည်း "မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အာဆီယံဒေသတစ်ခုလုံးအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေရရှိလာနိုင်မှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အာဆီယံအဝန်းအဝိုင်းကိုလည်း အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

Mr. Arsjad Rasjid P. M. သည် ASEAN-BAC Roadshow ခရီးစဉ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအစရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၆) နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ် သည်။                                               

zawgyi version


ယွန်း (NP News) - မေ ၎









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆိုင်ကယ် နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ရာ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ဖွယ်ရာအခြေအနေရှိနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved