ချမ်းမြသာစည်မြို့နယ်တွင် ဦးခေါင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
စော (NP News) - မေ ၁
မန္တလေးတိုင်း ၊ ချမ်းမြသာစည်မြို့နယ်တွင် ဦးခေါင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ယနေ့ (မေလ ၁ ရက်)၊ နံနက် (၆)ဝန်းကျင်အချိန် ချမ်းမြသာစည်မြို့နယ် ၊ (၄၄)လမ်းမြို့ပတ်လမ်းထောင့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
“သူ့ကို လမ်းဘေးမှာ ပတ်လက်အနေထားနဲ့တွေ့ခဲ့ရတာပါ။ ဦးခေါင်းတော့ ဒဏ်ရာရရှိပါတယ်။ အရိုက်ခံထားရတာပေါ့။ တစ်ခုကတော့ နှစ်လက်မ သုံးလက်မလောက် နက်တာလေးရှိတယ်။ မိသားစုနဲ့အဆက်အသွယ်တော့မရသေးပါဘူး ။ သေတာက နည်းနည်းတော့ အနံထွက်နေပြီ နားကလည်းမည်းနေပြီ ရာသီဥတုကြောင့်လည်းဖြစ်မယ်”ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် နားဖောက်ထားပြီး ကျောဘက်၊ ညာလက် နှင့် ဘယ်ဘက်နံရိုးပေါ်တွင် Tattoo ထိုးထားတာကာ အရပ် (၅)ပေ (၈)လက်မဝန်းကျင်ရှိကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ မှ သိရသည်။
အဆိုပါအမျိုးသားသည် အသက်(၃ဝ)ဝန်းကျင်အရွယ်ရှိပြီး မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မန္တလေး ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ဦးေခါင္း၌ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ
ေစာ (NP News) - ေမ ၁
မႏၲေလးတိုင္း ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ဦးေခါင္း၌ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား အေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအေလာင္းကို ယေန႔ (ေမလ ၁ ရက္)၊ နံနက္ (၆)ဝန္းက်င္အခ်ိန္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ (၄၄)လမ္းၿမိဳ႕ပတ္လမ္းေထာင့္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။
“သူ႔ကို လမ္းေဘးမွာ ပတ္လက္အေနထားနဲ႔ေတြ႕ခဲ့ရတာပါ။ ဦးေခါင္းေတာ့ ဒဏ္ရာရရွိပါတယ္။ အ႐ိုက္ခံထားရတာေပါ့။ တစ္ခုကေတာ့ ႏွစ္လက္မ သုံးလက္မေလာက္ နက္တာေလးရွိတယ္။ မိသားစုနဲ႔အဆက္အသြယ္ေတာ့မရေသးပါဘူး ။ ေသတာက နည္းနည္းေတာ့ အနံထြက္ေနၿပီ နားကလည္းမည္းေနၿပီ ရာသီဥတုေၾကာင့္လည္းျဖစ္မယ္”ဟု ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားသည္ နားေဖာက္ထားၿပီး ေက်ာဘက္၊ ညာလက္ ႏွင့္ ဘယ္ဘက္နံ႐ိုးေပၚတြင္ Tattoo ထိုးထားတာကာ အရပ္ (၅)ေပ (၈)လက္မဝန္းက်င္ရွိေၾကာင္း ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအဖြဲ႕ မွ သိရသည္။
အဆိုပါအမ်ိဳးသားသည္ အသက္(၃ဝ)ဝန္းက်င္အ႐ြယ္ရွိၿပီး မိသားစုႏွင့္ အဆက္အသြယ္မရေသးေၾကာင္း သိရသည္။
လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား မႏၲေလး ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြားနိုင်ငံတွေရဲ့စစ်ရေးဆောင်ရွက်မှုများအတွက် ဖိလစ်ပိုင် ပိုင်နက်တွေကို အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း သမ္မတဖာဒီနန်မာကိုစ့် ဂျူနီယာ ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း